4. ငါနှင့်တစ်လုံးတစ်ဝတည်းတည်နေကြလော့။ ငါသည်လည်းသင်တို့နှင့်တစ်လုံးတစ်ဝတည်း တည်နေမည်။ စပျစ်ကိုင်းသည်အပင်၌တည် မနေလျှင်အသီးမသီးနိုင်သကဲ့သို့ သင် တို့သည်ငါ၌တည်မနေလျှင်အသီး မသီးနိုင်ကြ။''
5. ``ငါသည်စပျစ်ပင်ဖြစ်၏။ သင်တို့ကားအကိုင်း အခက်များဖြစ်ကြ၏။ ငါနှင့်ကင်းလျှင်သင်တို့ သည်အဘယ်အရာကိုမျှမတတ်နိုင်ကြသော ကြောင့် မည်သူမဆိုငါ၌တည်နေ၍ငါသည် လည်းသူ၌တည်နေလျှင်များစွာသောအသီး ကိုသီးလိမ့်မည်။-
6. ငါ၌မတည်နေသောသူသည်အပြင်သို့ပစ် ထုတ်ခြင်းကိုခံရ၍ ခြောက်သွေ့သွားသည့် အကိုင်းအခက်ကဲ့သို့ဖြစ်လိမ့်မည်။ လူတို့ သည်ထိုသို့သောအကိုင်းအခက်များကို စုသိမ်း၍မီးရှို့တတ်ကြ၏။-
7. သင်တို့သည်ငါ၌တည်နေ၍ငါ၏တရား သည်လည်းသင်တို့၌တည်နေလျှင် သင်တို့ တောင်းလျှောက်သမျှသောအရာတို့ကိုရရှိ ကြလိမ့်မည်။-
8. သင်တို့သည်များစွာသောအသီးသီးခြင်း အားဖြင့် ငါ့ခမည်းတော်၏ဘုန်းအသရေ တော်ကိုထွန်းတောက်စေ၏။ ဤနည်းအားဖြင့် သင်တို့သည်ငါ၏တပည့်များဖြစ်လာကြ ၏။-
9. ခမည်းတော်သည်ငါ့ကိုချစ်သကဲ့သို့ငါ သည်သင်တို့ကိုချစ်၏။ ငါ၏မေတ္တာ၌တည် နေကြလော့။-
10. ငါသည်ခမည်းတော်၏ပညတ်တို့ကိုစောင့် ထိန်း၍ခမည်းတော်၏မေတ္တာ၌တည်နေသကဲ့ သို့ သင်တို့သည်ငါ့ပညတ်တို့ကိုစောင့်ထိန်း လျှင်ငါ့မေတ္တာ၌တည်နေကြလိမ့်မည်။''
11. ``သင်တို့သည်ငါ၏ဝမ်းမြောက်ခြင်းကိုခံစား ရလျက် အပြည့်အဝဝမ်းမြောက်နိုင်ကြစေ ရန်ဤစကားကိုငါပြော၏။-