ရှင်ယောဟန် 15:14-27 Common Language Bible (BCL)

14. သင်​တို့​သည်​ငါ​ပ​ညတ်​သည့်​အ​တိုင်း​ပြု ကျင့်​လျှင် ငါ​၏​အ​ဆွေ​ဖြစ်​ကြ​၏။-

15. ယ​ခု​မှ​စ​၍​သင်​တို့​အား​အ​စေ​ခံ​ဟူ​၍​ငါ မ​ခေါ်။ အ​ဘယ်​ကြောင့်​ဆို​သော်​အ​စေ​ခံ​သည် သ​ခင်​ပြု​သည့်​အ​မှု​ကို​မ​သိ​သော​ကြောင့် ဖြစ်​၏။ ခ​မည်း​တော်​ထံ​မှ​ငါ​ကြား​ရ​သ​မျှ တို့​ကို​သင်​တို့​အား​ငါ​ပြော​ကြား​ပြီး​ဖြစ် သ​ဖြင့် သင်​တို့​ကို​အ​ဆွေ​ဟူ​၍​ငါ​ခေါ်​၏။-

16. သင်​တို့​သည်​ငါ့​ကို​ရွေး​ကောက်​ကြ​သည်​မ​ဟုတ်။ တည်​မြဲ​သော​အ​သီး​ကို​သီး​နိုင်​ကြ​စေ​ရန်​သင် တို့​အား​ငါ​ရွေး​ကောက်​ခန့်​ထား​၏။ သို့​ဖြစ်​၍​ငါ ၏​နာ​မ​ကို​အ​မှီ​ပြု​၍​သင်​တို့​တောင်း​လျှောက် သ​မျှ​တို့​ကို​ခ​မည်း​တော်​ပေး​တော်​မူ​လိမ့်​မည်။-

17. ထို့​ကြောင့်​အ​ချင်း​ချင်း​ချစ်​ကြ​လော့​ဟု သင်​တို့​အား​ငါ​ပ​ညတ်​၏။''

18. ``လော​က​သား​တို့​သည်​သင်​တို့​ကို​မုန်း​တီး​ကြ လျှင် သင်​တို့​ကို​မ​မုန်း​မီ ငါ့​ကို​မုန်း​ကြ​သည်​ကို သ​တိ​ရ​ကြ​လော့။-

19. သင်​တို့​သည်​ဤ​လော​က​နှင့်​သက်​ဆိုင်​သူ​များ ဖြစ်​ပါ​မူ​လော​က​သား​တို့​သည် မိ​မိ​တို့​၏​သွေး ချင်း​သား​ချင်း​များ​သ​ဖွယ်​သင်​တို့​အား​ချစ် ကြ​လိမ့်​မည်။ ငါ​သည်​သင်​တို့​ကို​ဤ​လော​က ထဲ​က​ရွေး​ကောက်​သည်​ဖြစ်​၍ သင်​တို့​သည်​ဤ လော​က​နှင့်​မ​သက်​ဆိုင်။ ထို့​ကြောင့်​လော​က သား​တို့​သည်​သင်​တို့​ကို​မုန်း​ကြ​၏။-

20. ကျွန်​သည်​သ​ခင်​ထက်​ကြီး​မြတ်​သည်​မ​ဟုတ်​ဟု သင်​တို့​အား​ငါ​ပြော​ခဲ့​သည်​ကို​သ​တိ​ရ​ကြ​လော့။ လော​က​သား​တို့​သည်​ငါ့​ကို​ညှဉ်း​ပန်း​ခဲ့​ကြ​လျှင် သင်​တို့​ကို​လည်း​ညှဉ်း​ပန်း​ကြ​လိမ့်​မည်။ သူ​တို့ သည်​ငါ့​စ​ကား​ကို​လိုက်​နာ​လျှင် သင်​တို့​၏ စ​ကား​ကို​လည်း​လိုက်​နာ​ကြ​လိမ့်​မည်။-

21. သို့​ရာ​တွင်​ထို​သူ​တို့​သည်​ငါ့​ကို​စေ​လွှတ်​တော် မူ​သော​အ​ရှင်​ကို​မ​သိ​ကြ​သ​ဖြင့် ငါ​၏​နာ​မ အ​တွက်​ကြောင့်​သင်​တို့​ကို​ညှဉ်း​ပန်း​ကြ​လိမ့် မည်။-

22. ငါ​သည်​လာ​၍​သူ​တို့​အား​မ​ဟော​မ​ပြော​ပါ​က သူ​တို့​အ​ပြစ်​ကူး​လွန်​မိ​မည်​မ​ဟုတ်။ ယ​ခု​မှာ​မူ သူ​တို့​သည်​မိ​မိ​တို့​အ​ပြစ်​ကူး​လွန်​မှု​အ​တွက် အ​ဘယ်​သို့​မျှ​အ​ကြောင်း​မ​ပြ​နိုင်​တော့​ပြီ။-

23. ငါ့​ကို​မုန်း​သော​သူ​သည်​ငါ့​ခ​မည်း​တော်​ကို လည်း​မုန်း​၏။-

24. အ​ကယ်​၍​ငါ​သည်​အ​ခြား​မည်​သူ​မျှ​မ​ပြု သည့်​အ​မှု​အ​ရာ​များ​ကို​သူ​တို့​၏​ရှေ့​တွင် မ​ပြု​ခဲ့​လျှင် သူ​တို့​၌​အ​ပြစ်​ရှိ​မည်​မ​ဟုတ်။ ယ​ခု​မူ​ကား​သူ​တို့​သည်​ငါ​ပြု​သည့်​အ​မှု အ​ရာ​များ​ကို​မြင်​ရ​ကြ​လေ​ပြီ။ သို့​ဖြစ်​၍ ငါ့​ကို​လည်း​ကောင်း၊ ငါ့​ခမည်း​တော်​ကို​လည်း ကောင်း​မုန်း​ကြ​၏။-

25. ဤ​သို့​မုန်း​ကြ​ရ​ခြင်း​မှာ​ပ​ညတ်​ကျမ်း​၌ `သူ တို့​သည်​ငါ့​ကို​အ​ကြောင်း​မဲ့​မုန်း​ကြ​၏' ဟူ​၍ ရေး​သား​ဖော်​ပြ​ထား​သည့်​အ​တိုင်း​ဖြစ်​ပျက် ခြင်း​ပင်​တည်း။''

26. ``ခ​မည်း​တော်​ထံ​မှ​ကြွ​လာ​၍​ဘု​ရား​သ​ခင် အ​ကြောင်း​ဆိုင်​ရာ​သမ္မာ​တ​ရား​ကို ဖော်​ပြ​သည့် မ​စ​တော်​မူ​သော​အ​ရှင်​တည်း​ဟူ​သော​ဝိ​ညာဉ် တော်​သည်​ရောက်​လာ​တော်​မူ​သော​အ​ခါ ငါ​၏ အ​ကြောင်း​ကို​ပြော​ကြား​တော်​မူ​လိမ့်​မည်။ ထို အ​ရှင်​ကို​ခ​မည်း​တော်​ထံ​မှ​သင်​တို့​ထံ​သို့ ငါ​စေ​လွှတ်​မည်။-

27. သင်​တို့​သည်​လည်း​အ​စ​က​ပင်​ငါ​နှင့်​အ​တူ ရှိ​နေ​သော​ကြောင့် ငါ​၏​အ​ကြောင်း​ကို​ပြော ကြား​ရ​ကြ​လိမ့်​မည်။''

ရှင်ယောဟန် 15