ရှင်ယောဟန် 13:7-20 Common Language Bible (BCL)

7. သ​ခင်​ယေ​ရှု​က ``ငါ​ပြု​သော​အ​မှု​ကို​ယ​ခု သင်​မ​သိ။ နောင်​အ​ခါ​မှ​သိ​ရ​လိမ့်​မည်'' ဟု ဖြေ​ကြား​တော်​မူ​၏။

8. ပေ​တ​ရု​က ``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏​ခြေ ကို​အ​ဘယ်​အ​ခါ​မျှ​မ​ဆေး​ရ'' ဟု​ဆို​၏။သ​ခင်​ယေ​ရှု​က ``သင့်​ခြေ​ကို​ငါ​မ​ဆေး​ရ လျှင် သင်​သည်​ငါ​၏​တ​ပည့်​မ​ဟုတ်​တော့​ပြီ'' ဟု​မိန့်​တော်​မူ​၏။

9. ပေ​တ​ရု​က ``သ​ခင်၊ အ​ကျွန်ုပ်​၏​ခြေ​ကို သာ​မ​က​လက်​နှင့်​ဦး​ခေါင်း​ကို​လည်း​ဆေး တော်​မူ​ပါ'' ဟု​လျှောက်​၏။

10. သ​ခင်​ယေ​ရှု​က ``ရေ​ချိုး​ပြီး​သူ​သည်​တစ်​ကိုယ် လုံး​စင်​ကြယ်​ပြီး​ဖြစ်​၍​ခြေ​ကို​သာ​ဆေး​ရန် လို​၏။ သင်​တို့​သည်​စင်​ကြယ်​ပြီး​ဖြစ်​၏။ သို့​ရာ တွင်​လူ​တိုင်း​စင်​ကြယ်​သည်​မ​ဟုတ်'' ဟု​မိန့် တော်​မူ​၏။-

11. (မိ​မိ​အား​ရန်​သူ့​လက်​သို့​အပ်​နှံ​မည့်​သူ​ကို​သိ တော်​မူ​သော​ကြောင့် ကိုယ်​တော်​က​လူ​တိုင်း​စင် ကြယ်​သည်​မ​ဟုတ်​ဟု​မိန့်​တော်​မူ​သ​တည်း။)

12. ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​၏​ခြေ​ကို​ဆေး ပြီး​နောက် ဝတ်​လုံ​တော်​ကို​ပြန်​၍​ဝတ်​ပြီး​လျှင် ထိုင်​တော်​မူ​၏။ ကိုယ်​တော်​က ``သင်​တို့​အ​တွက် ငါ​ပြု​ခဲ့​သော​အ​မှု​အ​ရာ​ကို​နား​လည်​ကြ သ​လော။-

13. သင်​တို့​သည်​ငါ့​ကို​ဆ​ရာ​တော်​ဟူ​၍​လည်း ကောင်း၊ အ​ရှင်​ဘု​ရား​ဟူ​၍​လည်း​ကောင်း​ခေါ် တတ်​ကြ​၏။ ဤ​အ​တိုင်း​လည်း​ဟုတ်​မှန်​သ​ဖြင့် သင်​တို့​ခေါ်​သည်​မှာ​လျောက်​ပတ်​ပေ​၏။-

14. ငါ​သည်​သင်​တို့​၏​ဆ​ရာ​တော်​ဖြစ်​၏။ အ​ရှင် ဘု​ရား​လည်း​ဖြစ်​၏။ သို့​ဖြစ်​ပါ​လျက်​သင်​တို့ ၏​ခြေ​ကို​ငါ​ဆေး​ပေး​ခဲ့​၏။ သို့​ဖြစ်​၍​သင်​တို့ သည်​လည်း​အ​ချင်း​ချင်း​တို့​၏​ခြေ​ကို​ဆေး ရ​မည်။-

15. သင်​တို့​အား​ငါ​ပြု​သ​ကဲ့​သို့ သင်​တို့​အ​ချင်း ချင်း​သည်​လည်း​ပြု​ကြ​စိမ့်​သော​ငှာ​စံ​န​မူ​နာ ကို​ငါ​ပြ​ခဲ့​ပြီ။-

16. အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ကျွန်​သည်​သ​ခင်​ထက်​ကြီး​မြတ်​သည်​မ​ဟုတ်။ စေ​လွှတ်​ခြင်း​ခံ​ရ​သူ​လည်း​စေ​လွှတ်​သော​သူ ထက်​ကြီး​မြတ်​သည်​မ​ဟုတ်။-

17. ဤ​သစ္စာ​စ​ကား​ကို​သင်​တို့​ယ​ခု သိ​ကြ​လေ ပြီ။ ယင်း​သို့​သိ​သည့်​အ​တိုင်း​ကျင့်​သုံး​ကြ​ပါ လျှင်​မင်္ဂ​လာ​ရှိ​ကြ​၏။

18. ``သင်​တို့​အား​လုံး​ကို​ရည်​မှတ်​၍​ငါ​ပြော​သည် မ​ဟုတ်။ ငါ​ရွေး​ကောက်​ထား​သူ​များ​ကို​ငါ​သိ ၏။ သို့​သော်​ကျမ်း​စာ​တော်​တွင်`ငါ​၏​ထ​မင်း​ကို စား​သူ​သည်​ငါ့​ကို​ခြေ​နှင့်​ကျောက်​လေ​ပြီ' ဟု ပါ​ရှိ​သည်​အ​တိုင်း​ဖြစ်​ပျက်​ရ​မည်။-

19. ထို​သို့​ဖြစ်​ပျက်​လာ​သော​အ​ခါ `ငါ​သည်​ငါ ဖြစ်​သည်​အ​တိုင်း​ငါ​ဖြစ်​သည်​ကို' သင်​တို့ ယုံ​ကြည်​လာ​ကြ​စေ​ရန်​ယ​ခု​က​ပင်​ကြို တင်​၍​သင်​တို့​အား​ငါ​ပြော​နှင့်​ပြီ။-

20. အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​စေ​လွှတ်​သော​သူ​ကို​လက်​ခံ​သူ​သည်​ငါ့ ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သော​သူ​သည် လည်း​ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို လက်​ခံ​၏'' ဟု​မိန့်​တော်​မူ​၏။

ရှင်ယောဟန် 13