34. အချင်းချင်းချစ်ကြလော့ဟူသောပညတ်သစ် ကိုသင်တို့အားငါပေး၏။ ငါသည်သင်တို့ကို ချစ်သည်နည်းတူသင်တို့သည်လည်းအချင်း ချင်းချစ်ကြရမည်။-
35. သင်တို့အချင်းချင်းချစ်ကြလျှင်လူအပေါင်း တို့သည် ထိုမေတ္တာကိုထောက်၍သင်တို့သည်ငါ ၏တပည့်များဖြစ်ကြောင်းကိုသိကြလိမ့် မည်'' ဟုမိန့်တော်မူ၏။
36. ရှိမုန်ပေတရုက ``သခင်၊ အဘယ်အရပ်သို့ ကြွတော်မူပါမည်နည်း'' ဟုမေးလျှောက်၏။ သခင်ယေရှုက ``ငါသွားရာကိုသင်ယခု မလိုက်နိုင်။ နောင်အခါမှလိုက်ရလိမ့်မည်'' ဟု ဖြေကြားတော်မူ၏။
37. ပေတရုက ``သခင်၊ အဘယ်ကြောင့်ယခု အကျွန်ုပ်မလိုက်နိုင်ပါသနည်း။ ကိုယ်တော် ၏အတွက်အကျွန်ုပ်သည်အသက်ကိုပင်စွန့် ပါမည်'' ဟုလျှောက်၏။
38. သခင်ယေရှုက ``သင်သည်ငါ့အတွက်အသက် စွန့်မည်လော။ အမှန်အကန်သင့်အားငါဆိုသည် ကား ကြက်မတွန်မီသင်သည်ငါ့ကိုမသိဟု သုံးကြိမ်တိုင်အောင်ငြင်းဆိုလိမ့်မည်'' ဟုမိန့် တော်မူ၏။