7. သခင်ယေရှုက ``ထိုအမျိုးသမီးကို မနှောင့်ယှက်နှင့်။ သူသည်ငါ့အလောင်းကို သင်္ဂြိုဟ်မည့်အချိန်အတွက်ဤဆီမွှေးကို သိမ်းထားပါလေစေ။-
8. ဆင်းရဲသူတို့သည်သင်တို့နှင့်အမြဲပင် ရှိကြ၏။ ငါမူကားသင်တို့နှင့်အမြဲရှိ မည်မဟုတ်'' ဟုမိန့်တော်မူ၏။
9. ဗေသနိရွာသို့ကိုယ်တော်ရောက်ရှိနေကြောင်း ကြားရသောအခါ လူပရိသတ်ကြီးသည် ထိုရွာသို့လာရောက်ကြ၏။ သူတို့သည်သခင် ယေရှုကြောင့်သာလျှင်လာကြသည်မဟုတ်။ ကိုယ်တော်အသက်ပြန်၍ရှင်စေတော်မူခဲ့ သူ လာဇရုကိုတွေ့မြင်လိုကြသောကြောင့် လည်းဖြစ်၏။-
12. နောက်တစ်နေ့၌ပသခါပွဲတော်သို့လာ ကြကုန်သောလူပရိသတ်အပေါင်းတို့သည် ယေရုရှလင်မြို့သို့သခင်ယေရှုကြွလာ တော်မည်ဟုကြားသဖြင့်၊-
13. စွန်ပလွံခက်များကိုကိုင်ဆောင်ကာထွက်သွား ပြီးလျှင် ``ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး ကြလော့။ ထာဝရဘုရား၏နာမတော်နှင့်ကြွ လာသောအရှင်သည်မင်္ဂလာရှိတော်မူစေသတည်း။ ဣသရေလဘုရင်သည်မင်္ဂလာရှိတော်မူစေ သတည်း'' ဟုကြွေးကြော်လျက်ကိုယ်တော်အား ကြိုဆိုကြ၏။
16. တပည့်တော်တို့သည်ထိုစဉ်အခါကဤ ကျမ်းချက်ကိုနားမလည်ကြ။ သခင်ယေရှု ဘုန်းအသရေပွင့်တော်မူသောအခါကျမှ ဤကျမ်းချက်ကားကိုယ်တော်၏အကြောင်း ဖော်ပြသည်ကိုလည်းကောင်း၊ ကိုယ်တော်၏ အတွက်ထိုသို့ပြုခဲ့ကြသည်ကိုလည်းကောင်း ပြန်လည်သတိရကြ၏။
19. ဖာရိရှဲတို့က ``ငါတို့မှာလုံးဝအောင်မြင်မှု မရှိ။ လောကတစ်ခုလုံးပင်ထိုသူ့နောက်သို့ လိုက်ပါသွားပါပြီတကား'' ဟုအချင်း ချင်းပြောဆိုကြ၏။
20. ပွဲတော်အတွင်းကိုးကွယ်ဝတ်ပြုရန်ယေရု ရှလင်မြို့သို့သွားကြသောလူတို့အထဲတွင် ဂရိအမျိုးသားအချို့ပါ၏။-
21. သူတို့သည် (ဂါလိလဲပြည်ဗက်ဇဲဒမြို့သားဖြစ် သူ) ဖိလိပ္ပုထံသို့သွားကြ၍ ``ဆရာ၊ အကျွန်ုပ် တို့သည်သခင်ယေရှုကိုမြင်လိုပါသည်'' ဟု ပြောကြားကြ၏။