21. သူတို့သည် (ဂါလိလဲပြည်ဗက်ဇဲဒမြို့သားဖြစ် သူ) ဖိလိပ္ပုထံသို့သွားကြ၍ ``ဆရာ၊ အကျွန်ုပ် တို့သည်သခင်ယေရှုကိုမြင်လိုပါသည်'' ဟု ပြောကြားကြ၏။
22. ဖိလိပ္ပုသည်အန္ဒြေထံသို့သွား၍ထိုအကြောင်းကို ပြောပြ၏။ ထိုနောက်ထိုသူနှစ်ဦးတို့သည်သခင် ယေရှုထံတော်သို့သွား၍ထိုအကြောင်းကိုလျှောက် ထားကြ၏။-
23. သခင်ယေရှုက ``လူသားဘုန်းအသရေပွင့် မည့်အချိန်ကျရောက်လာလေပြီ။-
24. အမှန်အကန်သင်တို့အားငါဆိုသည်ကား ဂျုံစေ့သည်မြေသို့မကျ၊ မကျေမပျက်ဘဲ ရှိပါမူအစေ့တစ်စေ့ထက်ပိုမိုပွားများ လာလိမ့်မည်မဟုတ်။ ကျေပျက်၍သွားလျှင် မူကားများစွာသောသီးနှံတို့ကိုဖြစ်ထွန်း စေတတ်၏။-
25. မိမိအသက်ကိုချစ်သောသူသည်အသက် ဆုံးရှုံးလိမ့်မည်။ ဤလောကတွင်မိမိအသက် ကိုမုန်းသောသူသည် မိမိအသက်ကိုအစဉ် ထာဝရစောင့်ရှောက်ထိန်းသိမ်းလိမ့်မည်။-
26. ငါ၏အမှုတော်ကိုထမ်းဆောင်သောသူသည် ငါ့နောက်သို့လိုက်ရမည်။ သို့မှသာငါရှိရာ အရပ်၌သူသည်လည်းရှိလိမ့်မည်။ ငါ၏အမှု တော်ကိုထမ်းဆောင်သောသူကိုခမည်းတော် သည်ချီးမြှောက်တော်မူလိမ့်မည်။