49. ထိုသူတို့တွင်ထိုနှစ်အတွက် ယဇ်ပုရောဟိတ် မင်းဖြစ်သောကယာဖဆိုသူက ``သင်တို့ သည်ပညာမဲ့ကြပါသည်တကား။-
50. ယုဒအမျိုးသားတစ်ရပ်လုံးသေကျေပျက် စီးသည်ထက် တစ်မျိုးသားလုံးအတွက်လူ တစ်ယောက်သေရသည်က သင်တို့အဖို့ပို၍ ကောင်းသည်ကိုသင်တို့မသိကြသလော'' ဟုဆို၏။-
51-52. ယင်းသို့ဆိုရာ၌သူသည် မိမိကိုယ်ပိုင်ဉာဏ် ဖြင့်ဆိုသည်မဟုတ်။ ထိုနှစ်အတွက်ယဇ်ပု ရောဟိတ်မင်းဖြစ်လျက် ယုဒအမျိုးသား တစ်ရပ်လုံးအတွက်လည်းကောင်း၊ ထိုမျှမက အရပ်ရပ်တွင် ကွဲလွင့်နေသောဘုရားသခင် ၏လူစုတော်ဝင်များကိုတစ်စုတစ်ရုံးတည်း ဖြစ်စေရန်လည်းကောင်း ကိုယ်တော်အသေခံ တော်မူမည့်အကြောင်းကြိုတင်ဟောကြား ခြင်းဖြစ်သတည်း။
53. ထိုနေ့မှစ၍ယုဒအာဏာပိုင်တို့သည် သခင်ယေရှုကိုသတ်ရန်တိုင်ပင်ကြံစည် ကြ၏။-
54. သို့ဖြစ်၍ကိုယ်တော်သည်ယုဒပြည်တွင် အထင်အရှားမသွားမလာတော့ချေ။ ထို အရပ်မှထွက်ခွာတော်မူ၍တောကန္တာရ အနီး၊ ဧဖရိမ်နာမည်ရှိသောမြို့သို့ကြွ တော်မူပြီးလျှင်တပည့်တော်တို့နှင့်အတူ နေတော်မူ၏။