2. (ဤမာရိကားသခင်ယေရှု၏ခြေတော်ထက် မှာဆီမွှေးသွန်းလောင်း၍ မိမိဆံပင်ဖြင့်သုတ် ပေးသူဖြစ်၏။ ဖျားနာနေသူလာဇရုသည် ဤမာရိ၏မောင်တည်း။)-
3. ညီအစ်မနှစ်ယောက်တို့က ``အရှင်၊ အရှင် ချစ်တော်မူသောသူသည်ဖျားနာလျက်နေ ပါ၏'' ဟုသခင်ယေရှုထံသို့သတင်းပေး ပို့လိုက်ကြ၏။
4. ကိုယ်တော်က ``ဤရောဂါသည်သေစေမည့် ရောဂါမဟုတ်။ ဘုရားသခင်၏ဘုန်းအသ ရေတော်ကိုထွန်းတောက်စေမည့်ရောဂါဖြစ်၏။ ထိုရောဂါအားဖြင့်ဘုရားသခင်၏သား တော်သည်လည်းဘုန်းအသရေထွန်းတောက် အံ့'' ဟုမိန့်တော်မူ၏။
5. သခင်ယေရှုသည်မာသနှင့်ညီမမာရိကို လည်းကောင်း၊ လာဇရုကိုလည်းကောင်းချစ် တော်မူ၏။-
6. လာဇရုဖျားနာနေကြောင်းကိုကြားတော်မူ လျှင် ကိုယ်တော်သည်မိမိရောက်ရှိရာအရပ် တွင်နှစ်ရက်တိုင်တိုင်ဆက်၍နေတော်မူ၏။-
7. ထိုနောက်ကိုယ်တော်က ``ယုဒပြည်သို့ငါတို့ တစ်ဖန်သွားကြကုန်အံ့'' ဟုတပည့်တော်တို့ အားမိန့်တော်မူ၏။
8. တပည့်တော်တို့က ``အရှင်ဘုရား၊ လူတို့သည် ကိုယ်တော်အားမကြာမီကပင်ခဲနှင့်ပေါက် ရန်ကြိုးစားကြပါ၏။ ထိုအရပ်သို့တစ်ဖန် ကြွတော်မူဦးမည်လော'' ဟုမေးလျှောက်ကြ၏။
9. ကိုယ်တော်က ``တစ်နေ့တွင်တစ်ဆယ့်နှစ်နာရီရှိ သည်မဟုတ်လော။ နေ့အချိန်၌သွားလာသူ သည်နေ၏အလင်းရောင်ကိုမြင်ရသဖြင့် ခလုတ်မထိဘဲကောင်းစွာသွားလာနိုင်၏။-
10. ညအချိန်၌သွားလာသူမူကားအလင်း ရောင်ကိုမရသဖြင့် ခလုတ်ထိ၍လဲတတ်၏'' ဟုမိန့်တော်မူ၏။-
11. ကိုယ်တော်သည်ဤသို့မိန့်တော်မူပြီးနောက် ``ငါ တို့၏အဆွေလာဇရုသည်အိပ်ပျော်လျက်နေ ၏။ သူ့ကိုနှိုးရန်ငါသွားမည်'' ဟုမိန့်တော်မူ၏။
12. တပည့်တော်တို့က ``အရှင်၊ သူသည်အိပ်ပျော် လျက်နေပါမူကျန်းမာလာပါလိမ့်မည်'' ဟု လျှောက်ကြ၏။
13. သခင်ယေရှုကလာဇရုသေကြောင်းကို ရည်မှတ်၍ထိုသို့မိန့်တော်မူသော်လည်း သာ မန်အိပ်ပျော်ကြောင်းကိုဆိုလိုတော်မူသည် ဟုတပည့်တော်တို့ထင်မှတ်ကြ၏။-
14. သို့ဖြစ်၍သခင်ယေရှုက ``လာဇရုသည် သေပြီ။-
15. ထိုအရပ်၌ငါမရှိခဲ့သည်မှာသင်တို့ယုံ ကြည်လာကြစေရန်ပင်ဖြစ်၍ သင်တို့အတွက် ငါဝမ်းမြောက်၏။ သူ့ထံသို့သွားကြကုန်အံ့'' ဟု ပွင့်လင်းစွာမိန့်တော်မူ၏။
16. (အမြွှာပူးဟုနာမည်တွင်သည့်) သောမက ``ငါ တို့သည်လည်းသခင်နှင့်အတူအသေခံရန် လိုက်သွားကြကုန်အံ့'' ဟုမိမိ၏အဖော် တပည့်တော်တို့အားပြောဆို၏။
17. သခင်ယေရှုရောက်တော်မူသောအခါလာဇရု အားသင်္ဂြိုဟ်ခဲ့သည်မှာလေးရက်မျှရှိပြီဖြစ် ကြောင်းတွေ့ရှိတော်မူ၏။-
18. ဗေသနိရွာသည်ယေရုရှလင်မြို့နှင့်နှစ် မိုင်ပင်မဝေးချေ။
19. ယုဒအမျိုးသားအမြောက်အမြားပင် မာရိနှင့်မာသတို့၏မောင်သေဆုံးသော ကြောင့်သူတို့ကိုနှစ်သိမ့်ရန်လာရောက်ကြ ၏။
20. မာသသည်သခင်ယေရှုကြွလာတော်မူ ကြောင်းကိုကြားလျှင် ခရီးဦးကြိုပြုရန် ထွက်သွား၏။ မာရိမူကားအိမ်တွင်ထိုင် လျက်နေရစ်၏။-
21. မာသက ``အရှင်ဘုရား၊ အရှင်သာဤ အရပ်တွင်ရှိခဲ့ပါမူကျွန်မ၏မောင်သေ မည်မဟုတ်ပါ။-
22. ယခုပင်လျှင်အရှင်တောင်းခံသမျှသော အရာတို့ကိုဘုရားသခင်ချပေးတော် မူမည်ကိုကျွန်မသိပါ၏'' ဟုသခင် ယေရှုအားလျှောက်၏။