ရှင်ယောဟန် 10:37-42 Common Language Bible (BCL)

37. ခ​မည်း​တော်​၏​အ​မှု​တော်​များ​ကို​ငါ​မ​ဆောင် ရွက်​လျှင် ငါ့​အား​မ​ယုံ​ကြည်​ကြ​နှင့်။-

38. ဆောင်​ရွက်​လျှင်​မူ​ကား​ငါ့​ကို​မ​ယုံ​သော်​လည်း ငါ​၏​ဆောင်​ရွက်​ချက်​များ​ကို​ယုံ​ကြ​လော့။ သို့ မှ​သာ​လျှင်​ခ​မည်း​တော်​သည်​ငါ​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ရှိ​တော်​မူ​လျက် ငါ​သည်​လည်း ခ​မည်း​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​သည် ကို သင်​တို့​သိ​မြင်​နား​လည်​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

39. ထို​အ​ခါ​သူ​တို့​သည်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန် ကြိုး​စား​ကြ​ပြန်​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည် ရှောင်​တိမ်း​၍​ကြွ​သွား​တော်​မူ​၏။

40. ကိုယ်​တော်​သည်​ယော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း​ရှိ ယ​ခင်​ယော​ဟန်​ဗတ္တိ​ဇံ​င်္မဂ​လာ​ပေး​ရာ​အ​ရပ် သို့​ပြန်​လည်​ကြွ​သွား​တော်​မူ​၍​ထို​အ​ရပ် တွင်​နေ​တော်​မူ​၏။-

41. လူ​အ​များ​အ​ပြား​ပင်​အ​ထံ​တော်​သို့​လာ ကြ​၏။ သူ​တို့​က ``ယော​ဟန်​သည်​အ​ဘယ်​အံ့ ဖွယ်​နိ​မိတ်​လက္ခ​ဏာ​ကို​မျှ​မ​ပြ​ခဲ့။ သို့​ရာ တွင်​ဤ​သူ​အ​ကြောင်း​နှင့်​ပတ်​သက်​၍​ယော​ဟန် ပြော​သ​မျှ​မှန်​ပေ​၏'' ဟု​ဆို​ကြ​၏။-

42. သို့​ဖြစ်​၍​ထို​အ​ရပ်​တွင်​လူ​အ​မြောက်​အမြား ပင် ကိုယ်​တော်​ကို​ယုံ​ကြည်​လာ​ကြ​၏။

ရှင်ယောဟန် 10