20. လူအချို့တို့က ``ဤသူသည်နတ်မိစ္ဆာစွဲကပ် သောသူရူးဖြစ်၏။ အဘယ်ကြောင့်သူ့စကား ကိုသင်တို့နားထောင်ကြသနည်း'' ဟုဆိုကြ ၏။
21. သို့ရာတွင်အခြားသူတို့က ``နတ်မိစ္ဆာစွဲကပ်သူ သည် ဤသို့သောစကားကိုမပြောမဆိုနိုင်ရာ။ နတ်မိစ္ဆာစွဲကပ်သူသည်အဘယ်သို့လျှင် မျက်မ မြင်များကိုမျက်စိမြင်စေနိုင်ပါမည်နည်း'' ဟုဆိုကြ၏။
22. ထိုအချိန်၌ယေရုရှလင်မြို့တွင် ဗိမာန်တော်ကို ဆက်ကပ်သည့်ပွဲတော်ကျရောက်လျက်ရှိ၏။ ထို အခါကားဆောင်းရာသီဖြစ်၏။-
23. သခင်ယေရှုသည်ဗိမာန်တော်ရှိရှောလမုန် မုခ်တွင် စင်္ကြံသွားလျက်နေတော်မူ၏။-
24. ထိုအခါလူတို့သည်ကိုယ်တော်ကိုဝန်းရံလျက် ``သင်သည်အဘယ်မျှကြာအောင်အကျွန်ုပ်တို့ အားစိတ်ဒွိဟဖြစ်စေပါမည်နည်း။ အကယ်၍ သင်သည်မေရှိယဖြစ်ပါလျှင် အကျွန်ုပ်တို့အား အတည့်အလင်းပြောပါလော့'' ဟုဆိုကြ၏။
25. သခင်ယေရှုက ``သင်တို့အားငါပြောပြီးဖြစ် ၏။ သို့ရာတွင်သင်တို့မယုံကြ။ ခမည်းတော်ခွင့် ပြုတော်မူချက်အရငါပြုသည့်အမှုအရာ များက ငါ့အကြောင်းကိုသက်သေခံလျက်ရှိ၏။-
26. သင်တို့သည်ငါ၏သိုးများမဟုတ်သဖြင့် ငါ့ကိုမယုံကြ။-
27. ငါ၏သိုးတို့သည်ငါ့စကားကိုနားထောင်ကြ ၏။ ငါသည်သူတို့ကိုသိ၍သူတို့သည်လည်း ငါ့ နောက်သို့လိုက်ကြ၏။-
28. ငါသည်သူတို့အားထာဝရအသက်ကိုပေးသည် ဖြစ်၍ သူတို့သည်သေခြင်းနှင့်အစဉ်မပြတ်ကင်း လွတ်ကြလိမ့်မည်။ အဘယ်သူမျှသူတို့ကိုငါ့ လက်မှလုယူ၍မရနိုင်။-
29. သူတို့ကိုငါ့အားပေးသနားတော်မူသော ခမည်းတော်သည်ခပ်သိမ်းသောသူတို့ထက် ကြီးမြတ်တော်မူ၏။ သို့ဖြစ်၍မည်သူမျှသိုး တို့ကိုခမည်းတော်၏လက်မှမလုမယူနိုင်။-
30. ခမည်းတော်နှင့်ငါသည်တစ်လုံးတစ်ဝတည်း ဖြစ်သတည်း'' ဟုမိန့်တော်မူ၏။
31. ထိုအခါလူတို့သည်ကိုယ်တော်ကိုပေါက်ရန် ခဲများကိုကောက်ပြန်၏။-