ရှင်ယောဟန် 10:20-24 Common Language Bible (BCL)

20. လူ​အ​ချို့​တို့​က ``ဤ​သူ​သည်​နတ်​မိစ္ဆာ​စွဲ​ကပ် သော​သူ​ရူး​ဖြစ်​၏။ အ​ဘယ်​ကြောင့်​သူ့​စ​ကား ကို​သင်​တို့​နား​ထောင်​ကြ​သ​နည်း'' ဟု​ဆို​ကြ ၏။

21. သို့​ရာ​တွင်​အ​ခြား​သူ​တို့​က ``နတ်​မိစ္ဆာ​စွဲ​ကပ်​သူ သည် ဤ​သို့​သော​စ​ကား​ကို​မ​ပြော​မ​ဆို​နိုင်​ရာ။ နတ်​မိစ္ဆာ​စွဲ​ကပ်​သူ​သည်​အ​ဘယ်​သို့​လျှင် မျက်​မ မြင်​များ​ကို​မျက်​စိ​မြင်​စေ​နိုင်​ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။

22. ထို​အ​ချိန်​၌​ယေ​ရု​ရှ​လင်​မြို့​တွင် ဗိ​မာန်​တော်​ကို ဆက်​ကပ်​သည့်​ပွဲ​တော်​ကျ​ရောက်​လျက်​ရှိ​၏။ ထို အ​ခါ​ကား​ဆောင်း​ရာ​သီ​ဖြစ်​၏။-

23. သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​ရှိ​ရှော​လ​မုန် မုခ်​တွင် စင်္ကြံ​သွား​လျက်​နေ​တော်​မူ​၏။-

24. ထို​အ​ခါ​လူ​တို့​သည်​ကိုယ်​တော်​ကို​ဝန်း​ရံ​လျက် ``သင်​သည်​အ​ဘယ်​မျှ​ကြာ​အောင်​အ​ကျွန်ုပ်​တို့ အား​စိတ်​ဒွိ​ဟ​ဖြစ်​စေ​ပါ​မည်​နည်း။ အ​ကယ်​၍ သင်​သည်​မေ​ရှိ​ယ​ဖြစ်​ပါ​လျှင် အ​ကျွန်ုပ်​တို့​အား အ​တည့်​အ​လင်း​ပြော​ပါ​လော့'' ဟု​ဆို​ကြ​၏။

ရှင်ယောဟန် 10