16. ဤသိုးခြံသို့မဝင်သည့်အခြားသိုးများကို လည်းငါပိုင်သေး၏။ ထိုသိုးတို့ကိုငါဆောင်သွင်း ရဦးမည်။ သူတို့သည်ငါ့စကားကိုနားထောင် ကြလိမ့်မည်။ သို့ဖြစ်၍သိုးအုပ်တစ်အုပ်၊ သိုးထိန်း တစ်ပါးတည်းဖြစ်လိမ့်မည်။
17. ``ငါသည်အသက်ကို တစ်ဖန်ပြန်လည်ရရှိစေ ရန် ကိုယ့်အသက်ကိုစွန့်သောကြောင့်ခမည်းတော် သည်ငါ့ကိုချစ်တော်မူ၏။-
18. အဘယ်သူမျှငါ့အသက်ကိုစွန့်စေသည်မဟုတ်။ ငါ့အလိုအလျောက်စွန့်ခြင်းဖြစ်၏။ ငါ့မှာ အသက်ကိုစွန့်ပိုင်ခွင့်၊ ပြန်ယူပိုင်ခွင့်ရှိ၏။ ဤ သို့ပြုရန်ခမည်းတော်ကငါ့အားစေခိုင်း တော်မူ၏'' ဟုမိန့်တော်မူ၏။
19. ဤသို့မိန့်တော်မူသောကြောင့်လူတို့သည် စိတ် သဘောကွဲလွဲသွားကြပြန်၏။-
20. လူအချို့တို့က ``ဤသူသည်နတ်မိစ္ဆာစွဲကပ် သောသူရူးဖြစ်၏။ အဘယ်ကြောင့်သူ့စကား ကိုသင်တို့နားထောင်ကြသနည်း'' ဟုဆိုကြ ၏။
21. သို့ရာတွင်အခြားသူတို့က ``နတ်မိစ္ဆာစွဲကပ်သူ သည် ဤသို့သောစကားကိုမပြောမဆိုနိုင်ရာ။ နတ်မိစ္ဆာစွဲကပ်သူသည်အဘယ်သို့လျှင် မျက်မ မြင်များကိုမျက်စိမြင်စေနိုင်ပါမည်နည်း'' ဟုဆိုကြ၏။
22. ထိုအချိန်၌ယေရုရှလင်မြို့တွင် ဗိမာန်တော်ကို ဆက်ကပ်သည့်ပွဲတော်ကျရောက်လျက်ရှိ၏။ ထို အခါကားဆောင်းရာသီဖြစ်၏။-
23. သခင်ယေရှုသည်ဗိမာန်တော်ရှိရှောလမုန် မုခ်တွင် စင်္ကြံသွားလျက်နေတော်မူ၏။-
24. ထိုအခါလူတို့သည်ကိုယ်တော်ကိုဝန်းရံလျက် ``သင်သည်အဘယ်မျှကြာအောင်အကျွန်ုပ်တို့ အားစိတ်ဒွိဟဖြစ်စေပါမည်နည်း။ အကယ်၍ သင်သည်မေရှိယဖြစ်ပါလျှင် အကျွန်ုပ်တို့အား အတည့်အလင်းပြောပါလော့'' ဟုဆိုကြ၏။
25. သခင်ယေရှုက ``သင်တို့အားငါပြောပြီးဖြစ် ၏။ သို့ရာတွင်သင်တို့မယုံကြ။ ခမည်းတော်ခွင့် ပြုတော်မူချက်အရငါပြုသည့်အမှုအရာ များက ငါ့အကြောင်းကိုသက်သေခံလျက်ရှိ၏။-