ရှင်ယောဟန် 10:10-20 Common Language Bible (BCL)

10. သူ​ခိုး​သည်​ခိုး​ယူ​သတ်​ဖြတ်​ဖျက်​ဆီး​ရန်​သာ လာ​၏။ ငါ​မူ​ကား​သင်​တို့​အ​သက်​ရှင်​ကြ​စေ​ရုံ မျှ​သာ​မ​က ကြွယ်​ဝ​ပြည့်​စုံ​သော​အ​သက်​ကို ရှင်​နိုင်​ကြ​စေ​ရန်​လာ​သ​တည်း။

11. ``ငါ​သည်​သိုး​ထိန်း​ကောင်း​ဖြစ်​၏။ သိုး​ထိန်း​ကောင်း သည်​သိုး​များ​အ​တွက် အ​သက်​ကို​စွန့်​တတ်​၏။-

12. သူ​ငှား​သည်​သိုး​ထိန်း​မ​ဟုတ်။ သိုး​ရှင်​လည်း​မ​ဟုတ် သ​ဖြင့် ဝံ​ပု​လွေ​လာ​သည်​ကို​မြင်​လျှင် သိုး​တို့​ကို စွန့်​၍​ထွက်​ပြေး​တတ်​၏။ သို့​ဖြစ်​၍​ဝံ​ပု​လွေ​သည် သိုး​တို့​ကို​ကိုက်​ဖမ်း​၍​က​စဥ့်​က​ရဲ​ဖြစ်​စေ တတ်​၏။-

13. သူ​ငှား​သည်​သူ​ငှား​ဖြစ်​သည့်​အ​လျောက် သိုး​တို့ ကို​ဂ​ရု​မ​စိုက်​ဘဲ​ထွက်​ပြေး​တတ်​၏။-

14-15. ငါ​သည်​သိုး​ထိန်း​ကောင်း​ဖြစ်​၏။ ခ​မည်း​တော်​သည် ငါ့​ကို​သိ​တော်​မူ​၍ ငါ​သည်​လည်း​ခ​မည်း​တော် ကို​သိ​သ​ကဲ့​သို့ ငါ​သည်​သိုး​တို့​ကို​သိ​၍​သိုး တို့​သည်​လည်း​ငါ့​ကို​သိ​ကြ​၏။ ငါ​သည်​သိုး​များ အ​တွက်​အ​သက်​ကို​စွန့်​၏။-

16. ဤ​သိုး​ခြံ​သို့​မ​ဝင်​သည့်​အ​ခြား​သိုး​များ​ကို လည်း​ငါ​ပိုင်​သေး​၏။ ထို​သိုး​တို့​ကို​ငါ​ဆောင်​သွင်း ရ​ဦး​မည်။ သူ​တို့​သည်​ငါ့​စ​ကား​ကို​နား​ထောင် ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​သိုး​အုပ်​တစ်​အုပ်၊ သိုး​ထိန်း တစ်​ပါး​တည်း​ဖြစ်​လိမ့်​မည်။

17. ``ငါ​သည်​အ​သက်​ကို တစ်​ဖန်​ပြန်​လည်​ရ​ရှိ​စေ ရန် ကိုယ့်​အ​သက်​ကို​စွန့်​သော​ကြောင့်​ခ​မည်း​တော် သည်​ငါ့​ကို​ချစ်​တော်​မူ​၏။-

18. အ​ဘယ်​သူ​မျှ​ငါ့​အသက်​ကို​စွန့်​စေ​သည်​မ​ဟုတ်။ ငါ့​အ​လို​အ​လျောက်​စွန့်​ခြင်း​ဖြစ်​၏။ ငါ့​မှာ အ​သက်​ကို​စွန့်​ပိုင်​ခွင့်၊ ပြန်​ယူ​ပိုင်​ခွင့်​ရှိ​၏။ ဤ သို့​ပြု​ရန်​ခ​မည်း​တော်​က​ငါ့​အား​စေ​ခိုင်း တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။

19. ဤ​သို့​မိန့်​တော်​မူ​သော​ကြောင့်​လူ​တို့​သည် စိတ် သ​ဘော​ကွဲ​လွဲ​သွား​ကြ​ပြန်​၏။-

20. လူ​အ​ချို့​တို့​က ``ဤ​သူ​သည်​နတ်​မိစ္ဆာ​စွဲ​ကပ် သော​သူ​ရူး​ဖြစ်​၏။ အ​ဘယ်​ကြောင့်​သူ့​စ​ကား ကို​သင်​တို့​နား​ထောင်​ကြ​သ​နည်း'' ဟု​ဆို​ကြ ၏။

ရှင်ယောဟန် 10