ရှင်ယောဟန် 10:1-10 Common Language Bible (BCL)

1. သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား သိုး​ခြံ​ထဲ​သို့​တံ​ခါး​ပေါက် က​မ​ဝင်​ဘဲ အ​ခြား​နည်း​ဖြင့်​ကျော်​ဝင်​သူ သည်​သူ​ခိုး​ဋ္ဌား​ပြ​ဖြစ်​၏။-

2. တံ​ခါး​ပေါက်​က​ဝင်​သူ​မူ​ကား​သိုး​ထိန်း​ဖြစ်​၏။-

3. သိုး​ထိန်း​အား​တံ​ခါး​စောင့်​သည်​တံ​ခါး​ဖွင့်​၍ ပေး​တတ်​၏။ သိုး​တို့​သည်​သူ​၏​အ​သံ​ကို​နား ထောင်​တတ်​ကြ​၏။ သူ​သည်​သိုး​တို့​ကို​နာ​မည် ဖြင့်​ခေါ်​၍​သိုး​ခြံ​မှ​ထုတ်​ဆောင်​တတ်​၏။-

4. သိုး​တို့​ကို​ထုတ်​ပြီး​လျှင်​သိုး​တို့​၏​အ​ရှေ့​က ဦး​ဆောင်​၍​သွား​တတ်​၏။ သိုး​တို့​သည်​သူ့​အ​သံ ကို​သိ​သ​ဖြင့်​နောက်​က​လိုက်​ကြ​၏။-

5. သိုး​တို့​သည်​သူ​စိမ်း​၏​နောက်​သို့​မူ​လိုက်​လိမ့်​မည် မ​ဟုတ်။ သူ​စိမ်း​၏​အ​သံ​ကို​မ​သိ​သ​ဖြင့်​သူ့ ထံ​မှ​ထွက်​ပြေး​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

6. သ​ခင်​ယေ​ရှု​သည်​ဤ​ပုံ​ဥ​ပ​မာ​ကို​ထို​သူ​တို့ အား​မိန့်​တော်​မူ​သော်​လည်း သူ​တို့​သည်​ပုံ​ဥ​ပ​မာ တော်​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​နား​မ​လည်​ကြ။

7. ထို့​ကြောင့်​တစ်​ဖန်​သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန် သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​သည်​သိုး​တို့​ဝင် သော​တံ​ခါး​ပေါက်​ဖြစ်​၏။-

8. ငါ့​ရှေ့​တွင်​ရောက်​ရှိ​လာ​သူ​အား​လုံး​သည်​သူ​ခိုး ဋ္ဌား​ပြ​များ​ဖြစ်​ကြ​၏။ သို့​ရာ​တွင်​သိုး​တို့​သည် ထို​သူ​တို့​၏​စ​ကား​ကို​နား​မ​ထောင်​ကြ။-

9. ငါ​သည်​တံ​ခါး​ပေါက်​ဖြစ်​၏။ ထို​တံ​ခါး​ပေါက် ဖြင့်​ဝင်​သူ​သည် ဘေး​နှင့်​ကင်း​လွတ်​၍​ဝင်​ထွက် သွား​လာ​လျက်​ကျက်​စား​ရာ​ကို​တွေ့​ရ​လိမ့်​မည်။-

10. သူ​ခိုး​သည်​ခိုး​ယူ​သတ်​ဖြတ်​ဖျက်​ဆီး​ရန်​သာ လာ​၏။ ငါ​မူ​ကား​သင်​တို့​အ​သက်​ရှင်​ကြ​စေ​ရုံ မျှ​သာ​မ​က ကြွယ်​ဝ​ပြည့်​စုံ​သော​အ​သက်​ကို ရှင်​နိုင်​ကြ​စေ​ရန်​လာ​သ​တည်း။

ရှင်ယောဟန် 10