41. သူသည်အစ်ကိုဖြစ်သူရှိမုန်ကိုချက်ချင်းရှာ ၍ ``မေရှိယအရှင်ကိုငါတို့တွေ့ပြီ'' ဟုဆို၏။ (မေရှိယအနက်မှာ ခရစ်တော်ဖြစ်သတည်း။)-
42. ထိုနောက်သူသည်ရှိမုန်အားသခင်ယေရှု ထံတော်သို့ခေါ်ဆောင်သွားလေသည်။သခင်ယေရှုသည်ရှိမုန်ကိုကြည့်၍ ``သင်သည် ယောဟန်၏သားရှိမုန်ဖြစ်၏။ ကေဖနာမည် သစ်ကိုရလိမ့်မည်'' ဟုမိန့်တော်မူ၏။ (ကေဖ ကားပေတရုဟူသောအမည်နှင့်ထပ်တူ ဖြစ်၍ ကျောက်ဟုအနက်ရှိ၏။)
43. နောက်တစ်နေ့၌ကိုယ်တော်သည်ဂါလိလဲပြည် သို့ကြွတော်မူရန် စိတ်ပိုင်းဖြတ်တော်မူ၏။ ဖိလိပ္ပု ကိုတွေ့လျှင် ``ငါ့နောက်သို့လိုက်လော့'' ဟုမိန့်တော် မူ၏။-
44. (ဖိလိပ္ပုသည်ဗက်ဇဲဒမြို့သားဖြစ်၏။ ဗက်ဇဲဒ မြို့ကားအန္ဒြေနှင့်ပေတရုတို့နေထိုင်ရာမြို့ တည်း။)-
45. ဖိလိပ္ပုသည်နာသနေလကိုတွေ့သဖြင့် ``မောရှေ ၏ပညတ်ကျမ်းတွင်လည်းကောင်း၊ ပရောဖက်ကျမ်း များတွင်လည်းကောင်းရေးသားဖော်ပြထားသူ ကိုငါတို့တွေ့ပြီ။ ထိုသူသည်ယောသပ်၏သား၊ နာဇရက်မြို့သားယေရှုဖြစ်၏'' ဟုဆို၏။
46. နာသနေလက ``နာဇရက်မြို့မှကောင်းသည့် အရာတစ်စုံတစ်ခုထွက်ပေါ်နိုင်ပါသလော'' ဟုပြန်၍မေး၏။ဖိလိပ္ပုက ``လာ၍ကြည့်ပါ'' ဟုဆို၏။
47. နာသနေလလာနေသည်ကိုသခင်ယေရှုမြင် တော်မူလျှင် ``ပရိယာယ်ကင်းသူဣသရေလ အမျိုးသားစစ်ကိုကြည့်ကြလော့'' ဟု မိန့်တော်မူ၏။