11. ကိုယ်တော်သည်မိမိနေရင်းပြည်သို့ကြွတော်မူ သော်လည်း မိမိ၏ပြည်သားများကလက်မခံ ကြ။-
12. သို့ရာတွင်လူအချို့တို့သည်ကိုယ်တော်ကို ယုံကြည်လက်ခံသဖြင့် ဘုရားသခင်၏သား သမီးများဖြစ်ခွင့်ကိုရကြ၏။-
13. ထိုသူတို့သည်လူသားဖခင်မှပေါက်ဖွားလာ သောသားသမီးများမဟုတ်။ ဘုရားသခင် ပေါက်ဖွားစေတော်မူသောသူများဖြစ်ကြ၏။
14. နှုတ်ကပတ်တော်သည်လူဇာတိကိုခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်နှင့်ပြည့်စုံလျက် ငါတို့ထံတွင်စံနေတော်မူ၏။ ငါတို့သည် ကိုယ်တော်၏ဘုန်းအသရေတော်ကိုဖူးမြင် ရကြ၏။ ထိုဘုန်းအသရေတော်ကားခမည်း တော်၏တစ်ပါးတည်းသောသားတော်အဖြစ် ဖြင့်ခံယူရရှိသောဘုန်းအသရေတော်ပင် ဖြစ်သတည်း။