45. သင်၏ခြေသည်သင်၏ယုံကြည်ခြင်းကိုပျက် ပြားစေလျှင် ထိုခြေကိုဖြတ်ပစ်လော့။-
46. သင်သည်(လောက်ကောင်များမသေ၊ မီးမငြိမ်းရာ) ငရဲသို့ခြေနှစ်ဖက်အစုံအလင်နှင့်ကျရသည် ထက် ခြေတစ်ဖက်ချို့တဲ့လျက်ထာဝရအသက် ကိုရခြင်းကသာ၍ကောင်း၏။-
47. သင်၏မျက်စိသည်သင်၏ယုံကြည်ခြင်းကိုပျက်ပြား စေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့၊ မျက်စိတစ်စုံနှင့် ငရဲသို့ကျရသည်ထက် ဘုရားသခင်၏နိုင်ငံတော် သို့မျက်စိတစ်လုံးချို့တဲ့လျက်ဝင်ရသည်ကသာ၍ ကောင်း၏။-
48. ထိုနေရာသည်ဖျက်ဆီးနေသောလောက်ကောင်များ မသေ၊ မီးမငြိမ်းရာနေရာဖြစ်သည်။
49. ``ယဇ်ကောင်ကိုဆားခပ်၍သန့်စင်စေသကဲ့သို့ မီးသည်လူခပ်သိမ်းတို့ကိုသန့်စင်စေလိမ့်မည်။-
50. ဆားသည်အသုံးဝင်၏။ သို့သော်ဆားမှအငန်ကင်း ပျောက်သွားပါမူ သင်တို့သည်ယင်းကိုအဘယ်သို့ ပြန်၍ငန်အောင်ပြုနိုင်ပါမည်နည်း။``သင်တို့၌မိတ်ဖွဲ့ခြင်းတည်းဟူသောဆားရှိစေ ပြီးလျှင် အချင်းချင်းငြိမ်းချမ်းစွာနေကြလော့'' ဟုမိန့်တော်မူ၏။