42. ``ငါ့ကိုယုံကြည်ကိုးစားမှုပျက်ပြားစေရန် ဤ ကလေးသူငယ်တစ်စုံတစ်ယောက်ကိုမှောက်မှား လမ်းလွဲစေသောသူသည် လည်တွင်ကြိတ်ဆုံကျောက် ကိုဆွဲလျက်ပင်လယ်ထဲသို့ပစ်ချခံရလျှင်သူ့ အဖို့သာ၍ကောင်း၏။-
43. သင်၏လက်သည်သင်၏ယုံကြည်ခြင်းကိုပျက် ပြားစေလျှင် ထိုလက်ကိုဖြတ်ပစ်လော့။-
44. (လောက်ကောင်များမသေ၊ မီးမငြိမ်းရာ) ငရဲမီး ထဲသို့လက်နှစ်ဖက်အစုံအလင်နှင့်ကျရောက် ရသည်ထက်၊ လက်တစ်ဖက်ချို့တဲ့လျက်ထာဝရ အသက်ကိုရခြင်းကသာ၍ကောင်း၏။-
45. သင်၏ခြေသည်သင်၏ယုံကြည်ခြင်းကိုပျက် ပြားစေလျှင် ထိုခြေကိုဖြတ်ပစ်လော့။-
46. သင်သည်(လောက်ကောင်များမသေ၊ မီးမငြိမ်းရာ) ငရဲသို့ခြေနှစ်ဖက်အစုံအလင်နှင့်ကျရသည် ထက် ခြေတစ်ဖက်ချို့တဲ့လျက်ထာဝရအသက် ကိုရခြင်းကသာ၍ကောင်း၏။-
47. သင်၏မျက်စိသည်သင်၏ယုံကြည်ခြင်းကိုပျက်ပြား စေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့၊ မျက်စိတစ်စုံနှင့် ငရဲသို့ကျရသည်ထက် ဘုရားသခင်၏နိုင်ငံတော် သို့မျက်စိတစ်လုံးချို့တဲ့လျက်ဝင်ရသည်ကသာ၍ ကောင်း၏။-
48. ထိုနေရာသည်ဖျက်ဆီးနေသောလောက်ကောင်များ မသေ၊ မီးမငြိမ်းရာနေရာဖြစ်သည်။