39. သခင်ယေရှုက ``သူ့ကိုမတားမြစ်ကြနှင့်၊ ငါ ၏နာမကိုအမှီပြု၍အံ့ဖွယ်သောအမှုကိုပြု ပြီးနောက် ငါ့အားပုတ်ခတ်ပြောဆိုနိုင်မည့်သူ တစ်စုံတစ်ယောက်မျှမရှိ။-
40. ငါတို့အားမဆန့်ကျင်သူသည်ငါတို့ဘက်သား ဖြစ်၏။-
41. အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ၏ တပည့်များဖြစ်သည်ကိုထောက်လျက် သင်တို့အား သောက်ရေတစ်ခွက်ကိုပေးသူသည်မုချအကျိုး ခံစားရလိမ့်မည်။
42. ``ငါ့ကိုယုံကြည်ကိုးစားမှုပျက်ပြားစေရန် ဤ ကလေးသူငယ်တစ်စုံတစ်ယောက်ကိုမှောက်မှား လမ်းလွဲစေသောသူသည် လည်တွင်ကြိတ်ဆုံကျောက် ကိုဆွဲလျက်ပင်လယ်ထဲသို့ပစ်ချခံရလျှင်သူ့ အဖို့သာ၍ကောင်း၏။-
43. သင်၏လက်သည်သင်၏ယုံကြည်ခြင်းကိုပျက် ပြားစေလျှင် ထိုလက်ကိုဖြတ်ပစ်လော့။-
44. (လောက်ကောင်များမသေ၊ မီးမငြိမ်းရာ) ငရဲမီး ထဲသို့လက်နှစ်ဖက်အစုံအလင်နှင့်ကျရောက် ရသည်ထက်၊ လက်တစ်ဖက်ချို့တဲ့လျက်ထာဝရ အသက်ကိုရခြင်းကသာ၍ကောင်း၏။-
45. သင်၏ခြေသည်သင်၏ယုံကြည်ခြင်းကိုပျက် ပြားစေလျှင် ထိုခြေကိုဖြတ်ပစ်လော့။-
46. သင်သည်(လောက်ကောင်များမသေ၊ မီးမငြိမ်းရာ) ငရဲသို့ခြေနှစ်ဖက်အစုံအလင်နှင့်ကျရသည် ထက် ခြေတစ်ဖက်ချို့တဲ့လျက်ထာဝရအသက် ကိုရခြင်းကသာ၍ကောင်း၏။-