ရှင်မာကု 9:36-46 Common Language Bible (BCL)

36. ကိုယ်​တော်​သည်​က​လေး​သူ​ငယ်​တစ်​ယောက်​ကို ခေါ်​၍ တ​ပည့်​တော်​တို့​အ​လယ်​တွင်​ထား​တော် မူ​၏။-

37. ထို​နောက်​ထို​သူ​ငယ်​ကို​ပွေ့​တော်​မူ​လျက် ``ငါ ၏​နာ​မ​ကို​ထောက်​၍ ဤ​သို့​သော​သူ​ငယ်​တစ်​စုံ တစ်​ယောက်​ကို​လက်​ခံ​သူ​သည်​ငါ့​ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သူ​သည်​ငါ့​ကို​သာ​လက်​ခံ​သည် မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို လည်း​လက်​ခံ​၏'' ဟု​မိန့်​တော်​မူ​၏။

38. ယော​ဟန်​က ``အ​ရှင်​ဘု​ရား၊ အ​ရှင်​၏​နာ​မ​တော် ကို​အ​မှီ​ပြု​၍​နတ်​မိစ္ဆာ​တို့​ကို​နှင်​ထုတ်​နေ​သူ​လူ တစ်​ယောက်​ကို အ​ကျွန်ုပ်​တို့​တွေ့​မြင်​ခဲ့​ပါ​သည်။ သူ​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​မ​လိုက်။ သို့​မ​လိုက် သ​ဖြင့်​အ​ကျွန်ုပ်​တို့​သည် သူ့​အား​အ​ရှင်​၏​နာ​မ တော်​ကို​အ​သုံး​မ​ပြု​ရန်​တား​မြစ်​ခဲ့​ပါ​၏'' ဟု ကိုယ်​တော်​အား​လျှောက်​ထား​၏။-

39. သ​ခင်​ယေ​ရှု​က ``သူ့​ကို​မ​တား​မြစ်​ကြ​နှင့်၊ ငါ ၏​နာ​မ​ကို​အ​မှီ​ပြု​၍​အံ့​ဖွယ်​သော​အ​မှု​ကို​ပြု ပြီး​နောက် ငါ့​အား​ပုတ်​ခတ်​ပြော​ဆို​နိုင်​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။-

40. ငါ​တို့​အား​မ​ဆန့်​ကျင်​သူ​သည်​ငါ​တို့​ဘက်​သား ဖြစ်​၏။-

41. အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​၏ တ​ပည့်​များ​ဖြစ်​သည်​ကို​ထောက်​လျက် သင်​တို့​အား သောက်​ရေ​တစ်​ခွက်​ကို​ပေး​သူ​သည်​မု​ချ​အ​ကျိုး ခံ​စား​ရ​လိမ့်​မည်။

42. ``ငါ့​ကို​ယုံ​ကြည်​ကိုး​စား​မှု​ပျက်​ပြား​စေ​ရန် ဤ က​လေး​သူ​ငယ်​တစ်​စုံ​တစ်​ယောက်​ကို​မှောက်​မှား လမ်း​လွဲ​စေ​သော​သူ​သည် လည်​တွင်​ကြိတ်​ဆုံ​ကျောက် ကို​ဆွဲ​လျက်​ပင်​လယ်​ထဲ​သို့​ပစ်​ချ​ခံ​ရ​လျှင်​သူ့ အ​ဖို့​သာ​၍​ကောင်း​၏။-

43. သင်​၏​လက်​သည်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက် ပြား​စေ​လျှင် ထို​လက်​ကို​ဖြတ်​ပစ်​လော့။-

44. (လောက်​ကောင်​များ​မ​သေ၊ မီး​မ​ငြိမ်း​ရာ) င​ရဲ​မီး ထဲ​သို့​လက်​နှစ်​ဖက်​အ​စုံ​အ​လင်​နှင့်​ကျ​ရောက် ရ​သည်​ထက်၊ လက်​တစ်​ဖက်​ချို့​တဲ့​လျက်​ထာ​ဝ​ရ အ​သက်​ကို​ရ​ခြင်း​က​သာ​၍​ကောင်း​၏။-

45. သင်​၏​ခြေ​သည်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက် ပြား​စေ​လျှင် ထို​ခြေ​ကို​ဖြတ်​ပစ်​လော့။-

46. သင်​သည်​(လောက်​ကောင်​များ​မ​သေ၊ မီး​မ​ငြိမ်း​ရာ) င​ရဲ​သို့​ခြေ​နှစ်​ဖက်​အ​စုံ​အ​လင်​နှင့်​ကျ​ရ​သည် ထက် ခြေ​တစ်​ဖက်​ချို့​တဲ့​လျက်​ထာ​ဝ​ရ​အ​သက် ကို​ရ​ခြင်း​က​သာ​၍​ကောင်း​၏။-

ရှင်မာကု 9