33. ကိုယ်တော်နှင့်တပည့်တော်တို့သည်ကပေရ နောင်မြို့သို့ရောက်ကြ၏။ အိမ်ထဲသို့ဝင်ပြီး နောက် ကိုယ်တော်က ``သင်တို့သည်လမ်းတွင် အဘယ်အကြောင်းအရာများကိုဆွေးနွေး ကြသနည်း'' ဟုတပည့်တို့အားမေးတော်မူ၏။-
34. သူတို့သည်ဆိတ်ဆိတ်နေကြ၏။ အဘယ်ကြောင့် ဆိုသော်မိမိတို့အနက် အဘယ်သူသည်အကြီး မြတ်ဆုံးဖြစ်သည်ကိုလမ်းတွင်ဆွေးနွေးငြင်းခုံ ခဲ့ကြသောကြောင့်ဖြစ်၏။-
35. ကိုယ်တော်သည်ထိုင်တော်မူပြီးလျှင်တစ်ကျိပ်နှစ် ပါးတို့ကိုခေါ်တော်မူ၍ ``အမြင့်ဆုံးသို့ရောက် လိုသူသည်အနိမ့်ဆုံးမှာနေရမည်။ လူခပ်သိမ်း တို့၏အစေခံလည်းဖြစ်ရမည်'' ဟုမိန့်တော်မူ၏။-
36. ကိုယ်တော်သည်ကလေးသူငယ်တစ်ယောက်ကို ခေါ်၍ တပည့်တော်တို့အလယ်တွင်ထားတော် မူ၏။-
37. ထိုနောက်ထိုသူငယ်ကိုပွေ့တော်မူလျက် ``ငါ ၏နာမကိုထောက်၍ ဤသို့သောသူငယ်တစ်စုံ တစ်ယောက်ကိုလက်ခံသူသည်ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသူသည်ငါ့ကိုသာလက်ခံသည် မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောအရှင်ကို လည်းလက်ခံ၏'' ဟုမိန့်တော်မူ၏။
38. ယောဟန်က ``အရှင်ဘုရား၊ အရှင်၏နာမတော် ကိုအမှီပြု၍နတ်မိစ္ဆာတို့ကိုနှင်ထုတ်နေသူလူ တစ်ယောက်ကို အကျွန်ုပ်တို့တွေ့မြင်ခဲ့ပါသည်။ သူသည်အကျွန်ုပ်တို့နှင့်အတူမလိုက်။ သို့မလိုက် သဖြင့်အကျွန်ုပ်တို့သည် သူ့အားအရှင်၏နာမ တော်ကိုအသုံးမပြုရန်တားမြစ်ခဲ့ပါ၏'' ဟု ကိုယ်တော်အားလျှောက်ထား၏။-
39. သခင်ယေရှုက ``သူ့ကိုမတားမြစ်ကြနှင့်၊ ငါ ၏နာမကိုအမှီပြု၍အံ့ဖွယ်သောအမှုကိုပြု ပြီးနောက် ငါ့အားပုတ်ခတ်ပြောဆိုနိုင်မည့်သူ တစ်စုံတစ်ယောက်မျှမရှိ။-
40. ငါတို့အားမဆန့်ကျင်သူသည်ငါတို့ဘက်သား ဖြစ်၏။-
41. အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ၏ တပည့်များဖြစ်သည်ကိုထောက်လျက် သင်တို့အား သောက်ရေတစ်ခွက်ကိုပေးသူသည်မုချအကျိုး ခံစားရလိမ့်မည်။
42. ``ငါ့ကိုယုံကြည်ကိုးစားမှုပျက်ပြားစေရန် ဤ ကလေးသူငယ်တစ်စုံတစ်ယောက်ကိုမှောက်မှား လမ်းလွဲစေသောသူသည် လည်တွင်ကြိတ်ဆုံကျောက် ကိုဆွဲလျက်ပင်လယ်ထဲသို့ပစ်ချခံရလျှင်သူ့ အဖို့သာ၍ကောင်း၏။-