ရှင်မာကု 9:23-33 Common Language Bible (BCL)

23. သ​ခင်​ယေ​ရှု​က ``တတ်​နိုင်​တော်​မူ​လျှင်'' ဟု အ​ဘယ်​ကြောင့်​ဆို​ဘိ​သ​နည်း။ ယုံ​ကြည်​ခြင်း ရှိ​သူ​အ​ဖို့​မ​ဖြစ်​နိုင်​သော​အ​ရာ​မ​ရှိ'' ဟု ထို​သူ​အား​မိန့်​တော်​မူ​၏။-

24. ချက်​ချင်း​ပင်​သူ​ငယ်​၏​အ​ဖ​က ``အ​ကျွန်ုပ်​အ​ကယ် ပင်​ယုံ​ကြည်​ပါ​၏။ ယုံ​ကြည်​ခြင်း​မ​ပြည့်​စုံ​သည့် အ​တွက်​အ​ကျွန်ုပ်​အား​မ​စ​တော်​မူ​ပါ'' ဟု​ကျယ် စွာ​လျှောက်​ထား​၏။

25. အ​ထံ​တော်​သို့​လူ​ပ​ရိ​သတ်​များ​ပြေး​လာ​ကြ သည်​ကို​ကိုယ်​တော်​မြင်​တော်​မူ​လျှင် ``ဆွံ့​အ​နား​ပင်း သော​နတ်၊ သူ​ငယ်​ထံ​မှ​ထွက်​လော့။ အ​ဘယ်​အ​ခါ​မျှ ပြန်​၍​မ​ပူး​မ​ဝင်​နှင့်၊ ငါ​အ​မိန့်​ရှိ​သည်'' ဟု​ညစ် ညမ်း​သော​နတ်​အား​မိန့်​တော်​မူ​၏။-

26. နတ်​သည်​အော်​ဟစ်​ပြီး​လျှင် သူ​ငယ်​ကို​ပြင်း​စွာ​တုန် တက်​စေ​၏။ ထို​နောက်​သူ့​ထံ​မှ​ထွက်​သွား​၏။ သူ​ငယ် သည်​သူ​သေ​ကဲ့​သို့​ဖြစ်​နေ​သ​ဖြင့် လူ​အ​များ ပင် ``သူ​ငယ်​သေ​ပြီ'' ဟု​ပြော​ကြ​၏။-

27. သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​သူ​ငယ်​၏​လက်​ကို ကိုင်​လျက်​ထူ​မ​တော်​မူ​၏။ ထို​အ​ခါ​သူ​ငယ်​သည် ထ​လေ​၏။

28. ကိုယ်​တော်​သည်​အိမ်​သို့​ပြန်​ရောက်​၍​တစ်​ကိုယ်​တည်း ရှိ​တော်​မူ​သော​အ​ခါ တ​ပည့်​တော်​တို့​က ``အ​ကျွန်ုပ် တို့​သည်​ထို​နတ်​ကို​အ​ဘယ်​ကြောင့်​နှင်​ထုတ်​၍ မ​ရ​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။

29. ကိုယ်​တော်​က ``ဆု​တောင်း​ခြင်း​မှ​တစ်​ပါး အ​ခြား အ​ဘယ်​နည်း​နှင့်​မျှ​ဤ​နတ်​မျိုး​ကို​နှင်​ထုတ်​၍ မ​ရ'' ဟု​မိန့်​တော်​မူ​၏။

30. ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ထို​အ​ရပ်​မှ ထွက်​ခွာ​ကြ​ပြီး​လျှင် ဂါ​လိ​လဲ​ပြည်​ကို​ဖြတ် သွား​ကြ​၏။ ယင်း​သို့​ဖြတ်​သွား​ကြောင်း​ကို​ကိုယ် တော်​သည်​မည်​သူ့​အား​မျှ​သိ​စေ​တော်​မ​မူ​လို။-

31. အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ``လူ​တို့ ၏​လက်​တွင်း​သို့​လူ​သား​ကို​အပ်​နှံ​ကြ​လိမ့်​မည်။ သူ့​ကို​သတ်​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သုံး​ရက်​ကြာ သော်​သူ​သည်​သေ​ခြင်း​မှ​ထ​မြောက်​လိမ့်​မည်'' ဟု တ​ပည့်​တော်​တို့​အား​သွန်​သင်​တော်​မူ​လျက်​ရှိ သော​ကြောင့်​ဖြစ်​၏။-

32. တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏​စ​ကား​တော်​ကို နား​မ​လည်​ကြ။ သို့​ရာ​တွင်​ကိုယ်​တော်​အား​မ​မေး မ​လျှောက်​ဝံ့​ကြ။

33. ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​က​ပေ​ရ နောင်​မြို့​သို့​ရောက်​ကြ​၏။ အိမ်​ထဲ​သို့​ဝင်​ပြီး နောက် ကိုယ်​တော်​က ``သင်​တို့​သည်​လမ်း​တွင် အ​ဘယ်​အ​ကြောင်း​အ​ရာ​များ​ကို​ဆွေး​နွေး ကြ​သ​နည်း'' ဟု​တ​ပည့်​တို့​အား​မေး​တော်​မူ​၏။-

ရှင်မာကု 9