13. ဧလိယသည်ကြွလာခဲ့ပြီ။ ကျမ်းစာလာသည် အတိုင်း လူတို့သည်သူ့အားပြုလိုရာပြုခဲ့ကြ ပြီဟုသင်တို့အားငါဆိုသည်'' ဟုမိန့်တော်မူ၏။
14. ကိုယ်တော်နှင့်တပည့်တော်သုံးဦးတို့သည် အခြား တပည့်တော်များရှိရာသို့ရောက်လာကြသောအခါ လူပရိသတ်ကြီးကိုမြင်ကြ၏။ တပည့်တော်တို့ သည်ကျမ်းတတ်ဆရာများနှင့်အခြေအတင် ပြောဆိုနေကြ၏။-
15. လူအပေါင်းတို့သည်ကိုယ်တော်ကိုမြင်သောအခါ အံ့သြကြလျက်အထံတော်သို့ပြေး၍နှုတ်ခွန်း ဆက်ကြ၏။-
16. ကိုယ်တော်ကတပည့်တော်တို့အား ``သင်တို့သည် ဤသူတို့နှင့်အဘယ်အကြောင်းအရာများကို အခြေအတင်ပြောဆိုနေကြသနည်း'' ဟုမေး တော်မူ၏။
17. ပရိသတ်ထဲမှလူတစ်ယောက်က ``ဆရာတော်၊ အကျွန်ုပ်သည်မိမိ၏သားငယ်ကိုအထံတော် သို့ခေါ်ခဲ့ပါသည်။ သူသည်ဆွံ့အသည့်နတ် ပူးဝင်နေသူဖြစ်ပါသည်။-
18. နတ်ပူးဝင်သည့်အခါတိုင်းသူသည်မြေပေါ်မှာ လဲကျတတ်ပါ၏။ ပါးစပ်မှအမြှုပ်များထွက် လျက်အံသွားများကြိတ်တတ်ပါသည်။ ထိုနောက် သူ၏ကိုယ်သည်တောင့်မာလာပါသည်။ အရှင်၏ တပည့်များအားထိုနတ်ကိုနှင်ထုတ်ပေးရန် အကျွန်ုပ်တောင်းပန်ပါသော်လည်းသူတို့သည် မတတ်နိုင်ကြပါ'' ဟုကိုယ်တော်အားလျှောက် ထား၏။
19. ကိုယ်တော်က ``သင်တို့သည်ယုံကြည်ခြင်းကင်းမဲ့လှ ပါသည်တကား။ ငါသည်သင်တို့နှင့်မည်မျှကြာ အောင်နေရမည်နည်း။ မည်မျှကြာအောင်သင်တို့အား သည်းခံရမည်နည်း။ သူငယ်ကိုငါ့ထံသို့ခေါ်ခဲ့ကြ လော့'' ဟုမိန့်တော်မူ၏။-
20. သူတို့သည်ထိုသူငယ်ကိုအထံတော်သို့ခေါ်ခဲ့ ကြ၏။နတ်သည်ကိုယ်တော်ကိုမြင်လျှင်မြင်ချင်းသူငယ် အား ပြင်းထန်စွာတုန်တက်စေသဖြင့် သူငယ်သည် ပါးစပ်မှအမြှုပ်များထွက်လျက်မြေသို့လဲ ကျလူးလှိမ့်နေ၏။-
21. သခင်ယေရှုက ``ဤသို့ဖြစ်ပျက်နေသည်မှာ ကြာပြီလော'' ဟုသူငယ်၏ဖခင်အားမေး တော်မူ၏။ဖခင်က ``ကလေးအရွယ်မှပင်ဖြစ်ပါသည်။-
22. နတ်သည်သူငယ်အားသေစေရန်ကြိမ်ဖန်များစွာ မီးထဲသို့ဖြစ်စေ၊ ရေထဲသို့ဖြစ်စေလဲစေတတ်ပါ သည်။ အရှင်တတ်နိုင်တော်မူလျှင် အကျွန်ုပ်တို့အား သနားသဖြင့်ကူမတော်မူပါ'' ဟုပြန်လည် လျှောက်ထား၏။
23. သခင်ယေရှုက ``တတ်နိုင်တော်မူလျှင်'' ဟု အဘယ်ကြောင့်ဆိုဘိသနည်း။ ယုံကြည်ခြင်း ရှိသူအဖို့မဖြစ်နိုင်သောအရာမရှိ'' ဟု ထိုသူအားမိန့်တော်မူ၏။-
24. ချက်ချင်းပင်သူငယ်၏အဖက ``အကျွန်ုပ်အကယ် ပင်ယုံကြည်ပါ၏။ ယုံကြည်ခြင်းမပြည့်စုံသည့် အတွက်အကျွန်ုပ်အားမစတော်မူပါ'' ဟုကျယ် စွာလျှောက်ထား၏။
25. အထံတော်သို့လူပရိသတ်များပြေးလာကြ သည်ကိုကိုယ်တော်မြင်တော်မူလျှင် ``ဆွံ့အနားပင်း သောနတ်၊ သူငယ်ထံမှထွက်လော့။ အဘယ်အခါမျှ ပြန်၍မပူးမဝင်နှင့်၊ ငါအမိန့်ရှိသည်'' ဟုညစ် ညမ်းသောနတ်အားမိန့်တော်မူ၏။-
26. နတ်သည်အော်ဟစ်ပြီးလျှင် သူငယ်ကိုပြင်းစွာတုန် တက်စေ၏။ ထိုနောက်သူ့ထံမှထွက်သွား၏။ သူငယ် သည်သူသေကဲ့သို့ဖြစ်နေသဖြင့် လူအများ ပင် ``သူငယ်သေပြီ'' ဟုပြောကြ၏။-
27. သို့ရာတွင်သခင်ယေရှုသည်သူငယ်၏လက်ကို ကိုင်လျက်ထူမတော်မူ၏။ ထိုအခါသူငယ်သည် ထလေ၏။
28. ကိုယ်တော်သည်အိမ်သို့ပြန်ရောက်၍တစ်ကိုယ်တည်း ရှိတော်မူသောအခါ တပည့်တော်တို့က ``အကျွန်ုပ် တို့သည်ထိုနတ်ကိုအဘယ်ကြောင့်နှင်ထုတ်၍ မရပါသနည်း'' ဟုမေးလျှောက်ကြ၏။
29. ကိုယ်တော်က ``ဆုတောင်းခြင်းမှတစ်ပါး အခြား အဘယ်နည်းနှင့်မျှဤနတ်မျိုးကိုနှင်ထုတ်၍ မရ'' ဟုမိန့်တော်မူ၏။
30. ကိုယ်တော်နှင့်တပည့်တော်တို့သည်ထိုအရပ်မှ ထွက်ခွာကြပြီးလျှင် ဂါလိလဲပြည်ကိုဖြတ် သွားကြ၏။ ယင်းသို့ဖြတ်သွားကြောင်းကိုကိုယ် တော်သည်မည်သူ့အားမျှသိစေတော်မမူလို။-
31. အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ``လူတို့ ၏လက်တွင်းသို့လူသားကိုအပ်နှံကြလိမ့်မည်။ သူ့ကိုသတ်ကြလိမ့်မည်။ သို့ရာတွင်သုံးရက်ကြာ သော်သူသည်သေခြင်းမှထမြောက်လိမ့်မည်'' ဟု တပည့်တော်တို့အားသွန်သင်တော်မူလျက်ရှိ သောကြောင့်ဖြစ်၏။-
32. တပည့်တော်တို့သည်ကိုယ်တော်၏စကားတော်ကို နားမလည်ကြ။ သို့ရာတွင်ကိုယ်တော်အားမမေး မလျှောက်ဝံ့ကြ။