ရှင်မာကု 9:1-4 Common Language Bible (BCL)

1. ထို​နောက်​ကိုယ်​တော်​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား​တန်​ခိုး​အာ​ဏာ​နှင့်​တ​ကွ ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​တည်​သည်​ကို​မ​မြင်​မီ ဤ အ​ရပ်​ရှိ​လူ​အ​ချို့​တို့​သည်​မ​သေ​ရ​ကြ'' ဟု မိန့်​တော်​မူ​၏။

2. ခြောက်​ရက်​မျှ​ကြာ​သော်​သ​ခင်​ယေ​ရှု​သည်​ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​တို့​ကို​မြင့်​သော​တောင်​ပေါ်​သို့ ခေါ်​ဆောင်​သွား​တော်​မူ​၏။ အ​ခြား​တစ်​စုံ​တစ် ယောက်​မျှ​မ​ပါ​ချေ။ သူ​တို့​၏​ရှေ့​တွင်​ကိုယ်​တော် ၏​အ​ဆင်း​သဏ္ဌာန်​တော်​သည်​ပြောင်း​လဲ​လေ​၏။-

3. အ​ဝတ်​တော်​သည်​တောက်​ပ​လျက်​လွန်​မင်း​စွာ ဖြူ​ဖွေး​လာ​၏။ ဤ​မျှ​ဖြူ​ဖွေး​စေ​ရန်​ဤ​လော​က တွင်​မည်​သည့်​ခ​ဝါ​သည်​မျှ​မ​တတ်​နိုင်​ရာ။-

4. တ​ပည့်​တော်​သုံး​ဦး​တို့​၏​ရှေ့​တွင် ဧ​လိ​ယ​နှင့် မော​ရှေ​ပေါ်​လာ​၍​သ​ခင်​ယေ​ရှု​နှင့်​စ​ကား ပြော​နေ​ကြ​၏။-

ရှင်မာကု 9