ရှင်မာကု 7:7-24 Common Language Bible (BCL)

7. သူ​တို့​သည်​လူ့​ပညတ်​များ​ကို​ဘု​ရား​ဟော တ​ရား​သ​ဖွယ်​သင်​ကြား​ပို့​ချ​ကြ​၏။သို့​ဖြစ်​၍​ငါ့​အား​သူ​တို့​ဆည်း​ကပ်​ကိုး​ကွယ်​ခြင်း သည် အ​ချည်း​နှီး​ဖြစ်​၏'ဟု​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​ကြောင်း​ဖော်​ပြ​ချေ သည်။

8. ``သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​ကို ပစ်​ပယ်​၍ လူ​တို့​၏​ထုံး​တမ်း​စဉ်​လာ​များ​ကို​လိုက် နာ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။

9. ဆက်​လက်​၍​ကိုယ်​တော်​က``သင်​တို့​သည်​မိ​မိ​တို့ ၏​ထုံး​တမ်း​စဉ်​လာ​များ​အ​တိုင်း​ကျင့်​သုံး​နိုင် ကြ​စေ​ရန် ဘု​ရား​သ​ခင်​၏​ပ​ညတ်​တို့​ကို​ပစ် ပယ်​ပုံ​မှာ​ကျွမ်း​ကျင်​လေ​စွ​တ​ကား။-

10. `သင်​၏​မိ​ဘ​ကို​ရို​သေ​မြတ်​နိုး​လော့။ မိ​ဘ​ကို ကျိန်​ဆဲ​သော​သူ​သည်​သေ​ဒဏ်​ခံ​စေ' ဟု​မော​ရှေ က​ပညတ်​ခဲ့​၏။-

11. သို့​သော်​သင်​တို့​က `လူ​တစ်​ဦး​တစ်​ယောက်​သည် အ​ဖ​သို့​မ​ဟုတ်​အ​မိ​အား​အ​ကျိုး​ပြု​စေ​မည့် ပစ္စည်း​တစ်​စုံ​တစ်​ရာ​ရှိ​သော်​လည်း ယင်း​ပစ္စည်း​ကို `ကော်​ဘန်' (ဘု​ရား​သ​ခင်​အ​ဖို့​လှူ​ပြီး​ပစ္စည်း ဖြစ်​သည်) ဟု​ဆို​လျှင်၊-

12. သူ​သည်​မိ​ဘ​ဝတ်​ကို​ပြု​ရန်​မ​လို​ဟု​သွန်​သင် ကြ​၏။-

13. ဤ​သို့​လျှင်​သင်​တို့​လက်​ဆင့်​ကမ်း​ပေး​အပ်​ကြ သည့်​ထုံး​တမ်း​စဉ်​လာ​များ​ဖြင့် ဘု​ရား​သ​ခင်​၏ နှုတ်​က​ပတ်​တော်​ကို​ပစ်​ပယ်​ကြ​၏။ အ​လား​တူ အ​ခြား​အ​ကျင့်​ဋ္ဌ​လေ့​များ​စွာ​တို့​ကို​လည်း သင်​တို့​ပြု​ကြ​သေး​၏'' ဟု​မိန့်​တော်​မူ​၏။

14. ထို​နောက်​ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​တို့​အား အ​ထံ​တော်​သို့​တစ်​ဖန်​ခေါ်​တော်​မူ​ပြီး​လျှင် ``ငါ့ စ​ကား​ကို​သင်​တို့​အား​လုံး​နာ​ယူ​သိ​မှတ်​ကြ လော့။-

15. လူ​၏​အ​ပြင်​အ​ပ​မှ​ဝင်​သည့်​အ​ရာ​သည်​လူ​ကို မ​ညစ်​ညမ်း​စေ​နိုင်။ အ​တွင်း​မှ​ထွက်​သည့်​အ​ရာ သည်​သာ​လူ​ကို​ညစ်​ညမ်း​စေ​နိုင်​၏။-

16. (နား​ရှိ​သူ​တို့​ကြား​ကြ​ကုန်​လော့)'' ဟု မိန့်​တော်​မူ​၏။-

17. ကိုယ်​တော်​သည်​ပ​ရိ​သတ်​ရှိ​ရာ​မှ​ကြွ​၍​အိမ်​ထဲ သို့​ဝင်​တော်​မူ​သော​အ​ခါ တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​မိန့်​တော်​မူ​ခဲ့​သည့်​ပုံ​ဥ​ပ​မာ​၏​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​မေး​မြန်း​ကြ​၏။-

20. ဆက်​လက်​၍​ကိုယ်​တော်​က ``လူ​၏​ကိုယ်​တွင်း​မှ ထွက်​သည့်​အ​ရာ​သာ​လျှင် လူ​ကို​ညစ်​ညမ်း​စေ​၏။-

21. လူ​အ​တွင်း​ရှိ​စိတ်​နှ​လုံး​ထဲ​မှ​ညစ်​ညမ်း​သော အ​ကြံ​အ​စည်​များ​ထွက်​လာ​၏။ ကာ​မ​ဂုဏ် လိုက်​စား​ခြင်း၊ သူ့​ဥစ္စာ​ကို​ခိုး​ခြင်း၊ လူ့​အ​သက် ကို​သတ်​ခြင်း၊-

22. သူ့​အိမ်​ရာ​ကို​ပြစ်​မှား​ခြင်း၊ လော​ဘ​လွန်​ကူး ခြင်း၊ ဆိုး​ယုတ်​မိုက်​မဲ​ခြင်း၊ လိမ်​လည်​လှည့်​စား ခြင်း၊ တ​ရား​လက်​လွတ်​ပြု​မူ​ခြင်း၊ မ​နာ​လို​ခြင်း၊ သူ့​အ​သ​ရေ​ကို​ဖျက်​ခြင်း၊ မာ​န​ထောင်​လွှား​ခြင်း၊ လျှပ်​ပေါ်​လော်​လည်​ခြင်း-

23. အ​စ​ရှိ​သော​ဆိုး​ညစ်​သည့်​အ​ရာ​အား​လုံး​တို့ သည် လူ​ကိုယ်​တွင်း​မှ​ထွက်​လာ​၍​လူ​ကို​ညစ်​ညမ်း စေ​၏။'' ဟု​မိန့်​တော်​မူ​၏။

24. ကိုယ်​တော်​သည်​ထို​အ​ရပ်​မှ​ထွက်​ခွာ​တော်​မူ​၍ တု​ရု​နယ်​သို့​ကြွ​တော်​မူ​၏။ ရောက်​လျှင်​အိမ်​တစ် အိမ်​တွင်​တည်း​ခို​တော်​မူ​၏။ ကိုယ်​တော်​ရောက်​ရှိ တော်​မူ​ကြောင်း​မည်​သူ​ကို​မျှ​သိ​စေ​တော်​မ​မူ လို။ သို့​ရာ​တွင်​ပုန်း​ကွယ်​၍​နေ​တော်​မ​မူ​နိုင်။-

ရှင်မာကု 7