29. ထိုအခါကိုယ်တော်က ``သင်ဤသို့လျောက်ပတ်စွာ လျှောက်ထားသည့်အတွက်ကြောင့်အိမ်သို့ပြန်လော့။ နတ်မိစ္ဆာသည်သင့်သမီးထံမှထွက်ခွာသွားလေ ပြီ'' ဟုမိန့်တော်မူ၏။
30. ထိုအမျိုးသမီးသည်မိမိအိမ်သို့ပြန်ရောက်သော် နတ်မိစ္ဆာထွက်သွားသဖြင့် အိပ်ရာထဲမှာငြိမ်သက် စွာလဲလျောင်းနေသောမိမိ၏သမီးငယ်ကိုတွေ့ ရ၏။
31. တုရုဒေသမှအပြန်တွင်ကိုယ်တော်သည်ဇိဒုန် ဒေသကိုလည်းကောင်း၊ ဒေကာပေါလိပြည် အလယ်ပိုင်းကိုလည်းကောင်းဖြတ်၍ ဂါလိလဲ အိုင်သို့ကြွတော်မူ၏။-
32. လူအချို့တို့သည်ဆွံ့အနားပင်းသူတစ်ယောက် ကိုအထံတော်သို့ဆောင်ခဲ့ကြ၏။ ``သူ၏အပေါ် တွင်လက်တော်ကိုတင်တော်မူပါ'' ဟုလျှောက်ထား တောင်းပန်ကြ၏။-
33. သခင်ယေရှုသည်လူပရိသတ်ထဲမှထိုသူ တစ်ယောက်တည်းကို လူရှင်းရာသို့ခေါ်သွားတော် မူပြီးနောက် သူ၏နားများအတွင်းသို့လက်ညှိုး တော်ကိုထိုးထည့်တော်မူ၏။ တံတွေးထွေး၍ သူ၏လျှာကိုလည်းတို့တော်မူ၏။-
34. ထိုနောက်ကောင်းကင်သို့မျှော်ကြည့်လျက်သက် ပြင်းချကာ ``ဧဖသ'' ဟုမိန့်တော်မူ၏။ ဧဖသ အနက်ကား ``ပွင့်စေ'' ဟူသတည်း။
35. ချက်ချင်းပင်ထိုသူ၏နားတို့သည်ပွင့်၍ သူ ၏လျှာသည်သွက်လက်လာသဖြင့် သူသည် ပီသစွာစကားပြောလေသည်။-
36. ကိုယ်တော်သည်ထိုအဖြစ်အပျက်အကြောင်း ကို မည်သူအားမျှမပြောကြရန်လူတို့အား တားမြစ်တော်မူ၏။ သို့သော်လည်းကိုယ်တော် တားမြစ်တော်မူလေ၊ သူတို့သည်ထိုသတင်း ကိုကြေညာလေဖြစ်၏။-
37. ထိုအဖြစ်အပျက်အကြောင်းကိုကြားရသည့် လူအပေါင်းတို့သည်လွန်မင်းစွာအံ့သြကြ လျက် ``ကိုယ်တော်သည်ခပ်သိမ်းသောအမှုတို့ ကိုလျောက်ပတ်စွာပြုတော်မူပြီ။ နားပင်းသူတို့ ကိုကြားစေတော်မူပြီ။ ဆွံ့အသူတို့ကိုစကား ပြောစေတော်မူပြီ'' ဟုပြောဆိုကြ၏။