21. လူအတွင်းရှိစိတ်နှလုံးထဲမှညစ်ညမ်းသော အကြံအစည်များထွက်လာ၏။ ကာမဂုဏ် လိုက်စားခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ လူ့အသက် ကိုသတ်ခြင်း၊-
22. သူ့အိမ်ရာကိုပြစ်မှားခြင်း၊ လောဘလွန်ကူး ခြင်း၊ ဆိုးယုတ်မိုက်မဲခြင်း၊ လိမ်လည်လှည့်စား ခြင်း၊ တရားလက်လွတ်ပြုမူခြင်း၊ မနာလိုခြင်း၊ သူ့အသရေကိုဖျက်ခြင်း၊ မာနထောင်လွှားခြင်း၊ လျှပ်ပေါ်လော်လည်ခြင်း-
23. အစရှိသောဆိုးညစ်သည့်အရာအားလုံးတို့ သည် လူကိုယ်တွင်းမှထွက်လာ၍လူကိုညစ်ညမ်း စေ၏။'' ဟုမိန့်တော်မူ၏။
24. ကိုယ်တော်သည်ထိုအရပ်မှထွက်ခွာတော်မူ၍ တုရုနယ်သို့ကြွတော်မူ၏။ ရောက်လျှင်အိမ်တစ် အိမ်တွင်တည်းခိုတော်မူ၏။ ကိုယ်တော်ရောက်ရှိ တော်မူကြောင်းမည်သူကိုမျှသိစေတော်မမူ လို။ သို့ရာတွင်ပုန်းကွယ်၍နေတော်မမူနိုင်။-
25. ညစ်ညမ်းသောနတ်ပူးဝင်နေသောသူငယ်မတစ် ဦး၏မိခင်သည် ကိုယ်တော်ရောက်ရှိသည့်သတင်း ကိုကြားလျှင်ချက်ချင်းလာ၍ခြေတော်ရင်းတွင် ပျပ်ဝပ်၏။-
26. သူသည်ရှုရိဖိနိတ်ပြည်သူဂရိအမျိုးသမီး ဖြစ်၏။ မိမိ၏သမီးထံမှနတ်မိစ္ဆာကိုနှင်ထုတ် တော်မူရန်ကိုယ်တော်အားတောင်းပန်၏။-
27. ကိုယ်တော်က ``သားသမီးတို့ကိုဦးစွာဝအောင် ကျွေးရ၏။ သားသမီးတို့၏အစားအစာကို ယူ၍ခွေးတို့အားမကျွေးအပ်'' ဟုသူ့အား မိန့်တော်မူ၏။
28. ထိုအမျိုးသမီးက ``မှန်ပါ၏အရှင်။ သို့ရာတွင် သားသမီးတို့၏စားကြွင်းစားကျန်များကို စားပွဲအောက်မှခွေးတို့စားရကြပါသည်'' ဟု ပြန်လည်လျှောက်ထား၏။
29. ထိုအခါကိုယ်တော်က ``သင်ဤသို့လျောက်ပတ်စွာ လျှောက်ထားသည့်အတွက်ကြောင့်အိမ်သို့ပြန်လော့။ နတ်မိစ္ဆာသည်သင့်သမီးထံမှထွက်ခွာသွားလေ ပြီ'' ဟုမိန့်တော်မူ၏။
30. ထိုအမျိုးသမီးသည်မိမိအိမ်သို့ပြန်ရောက်သော် နတ်မိစ္ဆာထွက်သွားသဖြင့် အိပ်ရာထဲမှာငြိမ်သက် စွာလဲလျောင်းနေသောမိမိ၏သမီးငယ်ကိုတွေ့ ရ၏။
31. တုရုဒေသမှအပြန်တွင်ကိုယ်တော်သည်ဇိဒုန် ဒေသကိုလည်းကောင်း၊ ဒေကာပေါလိပြည် အလယ်ပိုင်းကိုလည်းကောင်းဖြတ်၍ ဂါလိလဲ အိုင်သို့ကြွတော်မူ၏။-
32. လူအချို့တို့သည်ဆွံ့အနားပင်းသူတစ်ယောက် ကိုအထံတော်သို့ဆောင်ခဲ့ကြ၏။ ``သူ၏အပေါ် တွင်လက်တော်ကိုတင်တော်မူပါ'' ဟုလျှောက်ထား တောင်းပန်ကြ၏။-
33. သခင်ယေရှုသည်လူပရိသတ်ထဲမှထိုသူ တစ်ယောက်တည်းကို လူရှင်းရာသို့ခေါ်သွားတော် မူပြီးနောက် သူ၏နားများအတွင်းသို့လက်ညှိုး တော်ကိုထိုးထည့်တော်မူ၏။ တံတွေးထွေး၍ သူ၏လျှာကိုလည်းတို့တော်မူ၏။-
34. ထိုနောက်ကောင်းကင်သို့မျှော်ကြည့်လျက်သက် ပြင်းချကာ ``ဧဖသ'' ဟုမိန့်တော်မူ၏။ ဧဖသ အနက်ကား ``ပွင့်စေ'' ဟူသတည်း။
35. ချက်ချင်းပင်ထိုသူ၏နားတို့သည်ပွင့်၍ သူ ၏လျှာသည်သွက်လက်လာသဖြင့် သူသည် ပီသစွာစကားပြောလေသည်။-
36. ကိုယ်တော်သည်ထိုအဖြစ်အပျက်အကြောင်း ကို မည်သူအားမျှမပြောကြရန်လူတို့အား တားမြစ်တော်မူ၏။ သို့သော်လည်းကိုယ်တော် တားမြစ်တော်မူလေ၊ သူတို့သည်ထိုသတင်း ကိုကြေညာလေဖြစ်၏။-