6. ကိုယ်တော်သည်ထိုသူတို့ယုံကြည်ခြင်းကင်းမဲ့ ကြသည်ကိုအံ့သြတော်မူ၏။ထို့နောက်သခင်ယေရှုသည်အနီးအနားရှိ ကျေးရွာများသို့သွား၍ဟောပြောသွန်သင် တော်မူ၏။
7. တပည့်တော်တစ်ဆယ့်နှစ်ဦးတို့ကိုအထံတော် သို့ခေါ်တော်မူပြီးနောက် နှစ်ယောက်စီတွဲ၍မြို့ ရွာများသို့စေလွှတ်တော်မူ၏။ သူတို့အားညစ် ညမ်းသောနတ်များကိုနှိမ်နင်းနိုင်သောတန်ခိုး အာဏာကိုအပ်နှင်းတော်မူ၏။-
8. ကိုယ်တော်က ``လမ်းခရီးအတွက်တောင်ဝှေးမှ တစ်ပါး အဘယ်အရာကိုမျှမယူကြနှင့်။ ရိက္ခာ၊ လွယ်အိတ်၊ ခါးပန်း၌ကြေးငွေများကိုယူမ သွားကြနှင့်။-
9. ဖိနပ်ကိုစီးကြလော့။ သို့ရာတွင်အင်္ကျီနှစ်ထပ် မဝတ်နှင့်။-
10. ထိုမှတစ်ပါးမည်သည့်မြို့တွင်မဆိုသင်တို့ အား ဦးစွာလက်ခံသည့်အိမ်မှမရွေ့မပြောင်း ကြနှင့်။ ထိုမြို့မှမထွက်ခွာမီကာလပတ်လုံး ထိုအိမ်တွင်သာတည်းခိုကြလော့။-
11. သင်တို့ကိုလက်မခံသည့်အရပ်တွင်မနေကြနှင့်။ သင်တို့ဟောပြောသွန်သင်သည်ကိုနားမထောင် သူများထံမှထွက်ခွာသွားကြလော့။ ထွက်ခွာ သွားသည့်အခါတွင်သူတို့ကိုသတိပေးသည့် အနေဖြင့် သင်တို့ခြေဖဝါးမှမြေမှုန့်ကို ခါချခဲ့ကြလော့'' ဟုမှာကြားတော်မူ၏။
12. တပည့်တော်တို့သည်ထွက်သွား၍လူတို့ နောင်တရကြစေရန်ဟောပြောကြ၏။-
13. များစွာသောနတ်မိစ္ဆာတို့ကိုနှင်ထုတ်ကြ၏။ ဖျားနာသူအမြောက်အမြားကိုဆီလိမ်း ၍ကျန်းမာစေကြ၏။
14. သခင်ယေရှုအကြောင်းသတင်းတော်သည်ကျော် ကြားလာသဖြင့် ဟေရုဒ်ဘုရင်၏နားတော်သို့ပင် ရောက်ရှိလေသည်။ လူအချို့တို့က ``သေရာမှ ပြန်ရှင်လာသောဗတ္တိဇံဆရာယောဟန်ဖြစ်၏။ သို့ဖြစ်၍သူသည်နိမိတ်လက္ခဏာများကိုပြ လျက်ရှိ၏'' ဟုဆိုကြ၏။
15. အချို့သူများက ``ယေရှုသည်ဧလိယဖြစ် ၏'' ဟုဆိုကြ၏။အချို့သူများကမူ ``ယေရှုသည်ရှေးပရောဖက် များကဲ့သို့သောပရောဖက်တစ်ပါးဖြစ်၏'' ဟု ပြောဆိုကြ၏။-