49. သူတို့သည်ရေပေါ်မှာကိုယ်တော်လမ်းလျှောက် နေသည်ကိုမြင်ကြသော်တစ္ဆေဟုထင်မှတ်၍ ဟစ်အော်ကြ၏။-
50. သူတို့သည်ကိုယ်တော်ကိုမြင်သောအခါ ထိတ် လန့်ကြသောကြောင့်ဖြစ်၏။ ထိုအခါကိုယ်တော် က ``အားမငယ်ကြနှင့်။ ငါပင်တည်း။ မကြောက် ကြနှင့်'' ဟုသူတို့အားမိန့်တော်မူ၏။-
51. ထိုနောက်သူတို့ရှိရာလှေပေါ်သို့တက်တော် မူ၏။ ထိုခဏ၌လေငြိမ်သွား၏။ သူတို့သည် လွန်မင်းစွာအံ့သြတွေဝေလျက်နေကြ၏။-
52. အဘယ်ကြောင့်ဆိုသော်မုန့်ကိုကိုယ်တော်ကျွေး တော်မူစဉ်က မိမိတို့တွေ့မြင်ခဲ့ရသည့်အံ့သြ ဖွယ်အခြင်းအရာ၏အနက်အဋ္ဌိပ္ပါယ်ကိုသူ တို့နားမလည်ခဲ့ကြသောကြောင့်တည်း။ သူတို့ ၏အသိဉာဏ်သည်နားလည်နိုင်စွမ်းမရှိ။
53. ကိုယ်တော်နှင့်တပည့်တော်တို့သည် အိုင်တစ်ဖက် သို့ကူးကြ၏။ ဂင်နေသရက်မြို့သို့ရောက်လျှင် လှေကိုဆိုက်ကြ၏။-
54. သူတို့လှေပေါ်မှဆင်းလျှင်ဆင်းချင်းလူတို့ သည် ကိုယ်တော်ကိုမှတ်မိကြသဖြင့်၊-
55. ပတ်ဝန်းကျင်အရပ်ရပ်သို့ပြေး၍ လူနာများ ကိုထမ်းစင်များနှင့်ဆောင်ခဲ့ကြ၏။-
56. ကိုယ်တော်ကြွရောက်တော်မူရာမြို့ရွာဇနပုဒ် ရှိလမ်းနားမှာလူနာများကိုချထားကြ၏။ အဝတ်တော်၏ပန်းဖွားကိုမျှ လူနာများအား တို့ထိခွင့်ပြုတော်မူရန်တောင်းပန်ကြ၏။ တို့ ထိခွင့်ရသမျှသောလူနာတို့သည်ကျန်းမာ လာကြ၏။