39. ကိုယ်တော်သည်စိမ်းလန်းသောမြက်ခင်းပေါ်တွင် လူအပေါင်းတို့ကိုအစုလိုက်ထိုင်ကြစေရန် တပည့်တော်တို့အားစေခိုင်းတော်မူ၏။-
40. လူတို့သည်အစုလိုက်တစ်ရာစီ၊ ငါးဆယ်စီ၊ စီတန်း၍ထိုင်ကြ၏။-
41. ထို့နောက်ကိုယ်တော်သည်မုန့်ငါးလုံးနှင့်ငါးနှစ် ကောင်ကိုယူတော်မူ၍ကောင်းကင်သို့မျှော်ကြည့် လျက် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း တော်မူ၏။ မုန့်ကိုဖဲ့တော်မူပြီးလျှင် လူတို့အား ဝေငှရန်တပည့်တော်တို့အားပေးတော်မူ၏။-
42. ထိုနည်းတူငါးနှစ်ကောင်ကိုလည်းသူတို့အား ခွဲဝေပေးတော်မူ၏။ လူအပေါင်းတို့သည်ဝ စွာစားရကြ၏။-
43. ထို့နောက်တပည့်တော်တို့သည် မုန့်နှင့်ငါးအကြွင်း အကျန်ကိုကောက်သိမ်းရာတစ်ဆယ့်နှစ်တောင်း အပြည့်ရကြ၏။-
44. မုန့်စားသူယောကျာ်းဦးရေမှာငါးထောင်မျှရှိ သတည်း။
45. ထိုနောက်ကိုယ်တော်သည်လူအပေါင်းတို့အားအိမ် သို့ပြန်စေတော်မူ၏။ တစ်ချိန်တည်းမှာပင်တပည့် တော်တို့အားလှေတစ်စင်းပေါ်သို့တက်၍ အိုင်တစ် ဖက်ကမ်းရှိဗက်ဇဲဒရွာသို့ကူးနှင့်စေတော်မူ၏။-
46. ကိုယ်တော်သည်လူအပေါင်းတို့ကိုနှုတ်ဆက်တော် မူပြီးလျှင် ဆုတောင်းပတ္တနာပြုရန်တောင်ပေါ်သို့ တက်တော်မူ၏။-
47. ညချမ်းအချိန်ကျရောက်သော်တပည့်တော်တို့၏ လှေသည် အိုင်အလယ်တွင်ရောက်လျက်နေ၏။ ကိုယ် တော်သည်ကားတစ်ကိုယ်တည်းကုန်းပေါ်မှာရှိ၏။-
48. လေကိုဆန်၍ခက်ခဲစွာလှော်ခတ်ရကြသဖြင့် တပည့်တော်တို့သည်ဒုက္ခရောက်လျက်ရှိကြသည် ကိုမြင်တော်မူသောအခါ ကိုယ်တော်သည်ရေပေါ် မှာလျှောက်၍သူတို့ထံသို့ကြွတော်မူ၏။ အချိန် ကားမိုးသောက်ယံအချိန်ဖြစ်၏။ ကိုယ်တော်သည် သူတို့အနီးမှဖြတ်ကျော်၍ကြွမည်ပြု၏။-
49. သူတို့သည်ရေပေါ်မှာကိုယ်တော်လမ်းလျှောက် နေသည်ကိုမြင်ကြသော်တစ္ဆေဟုထင်မှတ်၍ ဟစ်အော်ကြ၏။-
50. သူတို့သည်ကိုယ်တော်ကိုမြင်သောအခါ ထိတ် လန့်ကြသောကြောင့်ဖြစ်၏။ ထိုအခါကိုယ်တော် က ``အားမငယ်ကြနှင့်။ ငါပင်တည်း။ မကြောက် ကြနှင့်'' ဟုသူတို့အားမိန့်တော်မူ၏။-
51. ထိုနောက်သူတို့ရှိရာလှေပေါ်သို့တက်တော် မူ၏။ ထိုခဏ၌လေငြိမ်သွား၏။ သူတို့သည် လွန်မင်းစွာအံ့သြတွေဝေလျက်နေကြ၏။-
52. အဘယ်ကြောင့်ဆိုသော်မုန့်ကိုကိုယ်တော်ကျွေး တော်မူစဉ်က မိမိတို့တွေ့မြင်ခဲ့ရသည့်အံ့သြ ဖွယ်အခြင်းအရာ၏အနက်အဋ္ဌိပ္ပါယ်ကိုသူ တို့နားမလည်ခဲ့ကြသောကြောင့်တည်း။ သူတို့ ၏အသိဉာဏ်သည်နားလည်နိုင်စွမ်းမရှိ။
53. ကိုယ်တော်နှင့်တပည့်တော်တို့သည် အိုင်တစ်ဖက် သို့ကူးကြ၏။ ဂင်နေသရက်မြို့သို့ရောက်လျှင် လှေကိုဆိုက်ကြ၏။-
54. သူတို့လှေပေါ်မှဆင်းလျှင်ဆင်းချင်းလူတို့ သည် ကိုယ်တော်ကိုမှတ်မိကြသဖြင့်၊-