ရှင်မာကု 6:3-9 Common Language Bible (BCL)

3. ဤ​သူ​သည်​မာ​ရိ​၏​သား​မ​ဟုတ်​လော။ ယာ​ကုပ်၊ ယော​သေ၊ ယု​ဒ​နှင့်​ရှိ​မုန်​တို့​၏​အစ်​ကို​လက်​သ​မား ဆ​ရာ​ပင်​မ​ဟုတ်​လော သူ​၏​နှ​မ​များ​သည်​ငါ​တို့ အ​ရပ်​သူ​များ​မ​ဟုတ်​လော'' ဟု​ပြော​ဆို​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​ကိုယ်​တော်​ကို​လက်​မ​ခံ ကြ။

4. သ​ခင်​ယေ​ရှု​က ``ပ​ရော​ဖက်​မည်​သည်​မိ​မိ​နေ​ရင်း မြို့​ရွာ၊ ဆွေ​မျိုး၊ အိမ်​ထောင်​စု​မှ​လွဲ​၍​အ​ဘယ် အ​ရပ်​တွင်​မ​ဆို​ဂုဏ်​အ​သ​ရေ​ရှိ​သည်'' ဟု မိန့်​တော်​မူ​၏။

5. ကိုယ်​တော်​သည်​ထို​မြို့​တွင်​ဖျား​နာ​သူ​အ​နည်း​ငယ် ကို​လက်​တော်​တင်​၍ ကျန်း​မာ​စေ​တော်​မူ​သည်​မှ အ​ပ အ​ဘယ်​နိ​မိတ်​လက္ခ​ဏာ​ကို​မျှ​ပြ​တော် မ​မူ​နိုင်။-

6. ကိုယ်​တော်​သည်​ထို​သူ​တို့​ယုံ​ကြည်​ခြင်း​ကင်း​မဲ့ ကြ​သည်​ကို​အံ့​သြ​တော်​မူ​၏။ထို့​နောက်​သ​ခင်​ယေ​ရှု​သည်​အ​နီး​အ​နား​ရှိ ကျေး​ရွာ​များ​သို့​သွား​၍​ဟော​ပြော​သွန်​သင် တော်​မူ​၏။

7. တ​ပည့်​တော်​တစ်​ဆယ့်​နှစ်​ဦး​တို့​ကို​အ​ထံ​တော် သို့​ခေါ်​တော်​မူ​ပြီး​နောက် နှစ်​ယောက်​စီ​တွဲ​၍​မြို့ ရွာ​များ​သို့​စေ​လွှတ်​တော်​မူ​၏။ သူ​တို့​အား​ညစ် ညမ်း​သော​နတ်​များ​ကို​နှိမ်​နင်း​နိုင်​သော​တန်​ခိုး အာ​ဏာ​ကို​အပ်​နှင်း​တော်​မူ​၏။-

8. ကိုယ်​တော်​က ``လမ်း​ခ​ရီး​အ​တွက်​တောင်​ဝှေး​မှ တစ်​ပါး အ​ဘယ်​အ​ရာ​ကို​မျှ​မ​ယူ​ကြ​နှင့်။ ရိက္ခာ၊ လွယ်​အိတ်၊ ခါး​ပန်း​၌​ကြေး​ငွေ​များ​ကို​ယူ​မ သွား​ကြ​နှင့်။-

9. ဖိ​နပ်​ကို​စီး​ကြ​လော့။ သို့​ရာ​တွင်​အင်္ကျီ​နှစ်​ထပ် မ​ဝတ်​နှင့်။-

ရှင်မာကု 6