20. ယောဟန်သည်သူတော်သူမြတ်ဖြစ်ကြောင်းဟေရုဒ် သိသဖြင့်ကြောက်၍ သူ့အားဘေးမဲ့လုံခြုံစွာ ထား၏။ ဟေရုဒ်သည်ယောဟန်၏ဟောပြောသွန်သင် ချက်များကိုကြားနာရသည့်အခါတိုင်း စိတ် မငြိမ်မသက်ဖြစ်ရတတ်သော်လည်းဝမ်းမြောက် စွာပင်ကြားနာလေ့ရှိသည်။
21. ဟေရုဒ်၏မွေးနေ့၌ဟေရောဒိအတွက် အခါ အခွင့်သာလာ၏။ ထိုနေ့၌ဟေရုဒ်သည်ဂါလိလဲ ပြည်မှခေါင်းဆောင်ကြီးများ၊ တပ်မတော်အရာရှိ ကြီးများ၊ ဂုဏ်အသရေရှိလူကြီးလူကောင်းများ ကိုဖိတ်ကြားလျက်ညစာစားပွဲတစ်ရပ်တည်ခင်း ကျွေးမွေး၏။-
22. ထိုညစာစားပွဲသို့ဟေရောဒိ၏သမီးသည် လာ၍ အကနှင့်ဖျော်ဖြေ၏။ သူသည်ဟေရုဒ်နှင့် ဧည့်သည်တော်အပေါင်းတို့၏စိတ်ကိုများစွာ ရွှင်လန်းစေ၏။ ဘုရင်မင်းကသူငယ်မအား ``သင် နှစ်သက်ရာကိုတောင်းလော့။ သင့်အားငါပေးမည်။-
23. ငါ၏နိုင်ငံတစ်ဝက်တိုင်အောင်သင်တောင်းသမျှ ကိုငါပေးမည်'' ဟုကျိန်ဆို၍ပြော၏။
24. သူငယ်မသည်မင်းကြီး၏ထံမှထွက်သွားကာ မိခင်အား ``ကျွန်မသည်အဘယ်အရာကို တောင်းခံရပါမည်နည်း'' ဟုမေး၏။ မိခင်က ``ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်းကိုတောင်း လော့'' ဟုဆို၏။
25. သူငယ်မသည်ချက်ချင်းပင်မင်းကြီး၏ထံသို့ အလျင်အမြန်ဝင်ပြီးလျှင် ``ဗတ္တိဇံဆရာ ယောဟန်၏ဦးခေါင်းကိုလင်ပန်းပေါ်တွင်တင် ၍ ယခုပင်ပေးတော်မူပါ'' ဟုလျှောက်၏။
26. ထိုအခါမင်းကြီးသည်များစွာစိတ်မချမ်းမသာ ဖြစ်တော်မူ၏။ သို့ရာတွင်ဧည့်သည်တော်များရှေ့ တွင် မိမိကျိန်ဆို၍ပေးခဲ့သည့်ကတိကိုထောက် ၍ သူငယ်မ၏တောင်းလျှောက်ချက်ကိုမငြင်း မပယ်နိုင်။-
27. သို့ဖြစ်၍ယောဟန်၏ဦးခေါင်းကိုယူဆောင်ခဲ့ရန် အမိန့်ပေး၍ ကိုယ်ရံတော်တပ်သားတစ်ယောက်ကို စေလွှတ်လိုက်၏။ တပ်သားသည်အကျဉ်းထောင်သို့ သွား၍ယောဟန်၏ဦးခေါင်းကိုဖြတ်၏။-
28. ဦးခေါင်းကိုလင်ပန်းပေါ်တွင်တင်၍ယူဆောင် လာပြီးနောက် သူငယ်မအားပေး၏။ သူငယ်မ သည်လည်းမိခင်အားတစ်ဆင့်ပေး၏။-
29. ယောဟန်၏တပည့်တို့သည်ဤသတင်းကို ကြားသောအခါ လာ၍ယောဟန်၏အလောင်း ကိုယူပြီးလျှင်ဂူသွင်းထားကြ၏။
30. တမန်တော်တို့သည်သခင်ယေရှုထံတော်သို့ ပြန်လာပြီးလျှင် မိမိတို့လုပ်ဆောင်ခဲ့သမျှ သွန်သင်ခဲ့သမျှတို့ကိုကြားလျှောက်ကြ၏။-
31. များစွာသောလူတို့သည်ဝင်ထွက်သွားလာလျက် ရှိကြသဖြင့် သခင်ယေရှုနှင့်တမန်တော်တို့သည် အစားအစာသုံးဆောင်ရန်အချိန်ပင်မရကြ။ ထို့ကြောင့်ကိုယ်တော်က ``ငါတို့ဆိတ်ကွယ်ရာ အရပ်သို့သွား၍ခေတ္တမျှနားနေကြကုန်အံ့'' ဟုမိန့်တော်မူ၏။-
32. သို့ဖြစ်၍ကိုယ်တော်နှင့်တပည့်တော်တို့သည် ဆိတ်ကွယ်ရာအရပ်တစ်ခုသို့လှေဖြင့်ထွက် သွားကြ၏။
33. ထိုသို့သွားသည်ကိုလူအများပင်မြင်လိုက် သဖြင့် ကိုယ်တော်နှင့်တပည့်တော်တို့ဖြစ်ကြောင်း သိကြ၏။ ထို့ကြောင့်အမြို့မြို့အရွာရွာမှလူ အပေါင်းတို့သည် ကိုယ်တော်သွားရာအရပ်သို့ အလျင်အမြန်ကုန်းကြောင်းလိုက်သဖြင့်ကိုယ် တော်နှင့်တပည့်တော်တို့မရောက်မီရောက်နှင့် နေကြ၏။-
34. ကိုယ်တော်သည်လှေမှတက်တော်မူသောအခါ လူထုကြီးကိုမြင်တော်မူ၏။ သိုးထိန်းမဲ့သည့် သိုးများကဲ့သို့ဖြစ်နေကြသဖြင့် သူတို့ကို သနားတော်မူ၏။ သို့ဖြစ်၍များစွာသောတရား စကားများကို သူတို့အားဟောပြောသွန်သင် တော်မူ၏။-
35. မိုးချုပ်စပြုသောအခါတပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်၍ ``ဤအရပ်သည်လူ သူမရှိသည့်အရပ်ဖြစ်ပါ၏။ အချိန်လည်းနှောင်း ပါပြီ။-
36. အစားအစာဝယ်၍စားနိုင်ရန်လူတို့အား ပတ်ဝန်းကျင်ရှိကျေးလက်တောရွာများသို့ စေလွှတ်တော်မူပါ'' ဟုလျှောက်ထားကြ၏။
37. ကိုယ်တော်က ``သင်တို့ပင်လျှင် သူတို့အားစား စရာတစ်စုံတစ်ခုကိုကျွေးကြလော့'' ဟုမိန့် တော်မူ၏။ထိုအခါတပည့်တော်တို့က ``အကျွန်ုပ်တို့သည် ငွေဒင်္ဂါးနှစ်ရာဖိုးမျှအစားအစာဝယ်၍ ဤ သူတို့အားကျွေးရပါမည်လော'' ဟုလျှောက် ထားကြ၏။-
38. ကိုယ်တော်က ``သင်တို့ထံတွင်အစားအစာမည် မျှရှိသနည်း။ သွား၍ကြည့်ကြလော့'' ဟုမိန့်တော် မူ၏။သူတို့သည်ကြည့်၍တွေ့သောအခါ ``မုန့်ငါးလုံး နှင့်ငါးနှစ်ကောင်ရှိပါသည်'' ဟုလျှောက်ကြ၏။