16. သို့ရာတွင်သခင်ယေရှုပြုတော်မူသောအမှု အရာအကြောင်းကိုကြားသောအခါ ဟေရုဒ် က ``ငါဦးခေါင်းဖြတ်ခဲ့သောယောဟန်သည် အသက်ပြန်ရှင်လေပြီ'' ဟုဆို၏။-
17. ဟေရုဒ်သည်ညီဖြစ်သူဖိလိပ္ပု၏ဇနီး၊ ဟေရော ဒိအားမိမိသိမ်းပိုက်မှုနှင့်ပတ်သက်၍ ယောဟန် ကိုဖမ်းဆီးပြီးလျှင်ထောင်တွင်ချုပ်နှောင်ထား စေ၏။-
18. ယောဟန်သည်ဟေရုဒ်အား ``သင်သည်ညီဖြစ်သူ ၏ဇနီးကိုမသိမ်းမယူအပ်'' ဟုအဖန်ဖန် ကန့်ကွက်ပြောဆိုခဲ့၏။
19. သို့ဖြစ်၍ဟေရောဒိသည်ယောဟန်ကိုရန်ငြိုးဖွဲ့ ၍သတ်လို၏။ သို့ရာတွင်သတ်ရန်ကားမတတ်နိုင်။-
20. ယောဟန်သည်သူတော်သူမြတ်ဖြစ်ကြောင်းဟေရုဒ် သိသဖြင့်ကြောက်၍ သူ့အားဘေးမဲ့လုံခြုံစွာ ထား၏။ ဟေရုဒ်သည်ယောဟန်၏ဟောပြောသွန်သင် ချက်များကိုကြားနာရသည့်အခါတိုင်း စိတ် မငြိမ်မသက်ဖြစ်ရတတ်သော်လည်းဝမ်းမြောက် စွာပင်ကြားနာလေ့ရှိသည်။
21. ဟေရုဒ်၏မွေးနေ့၌ဟေရောဒိအတွက် အခါ အခွင့်သာလာ၏။ ထိုနေ့၌ဟေရုဒ်သည်ဂါလိလဲ ပြည်မှခေါင်းဆောင်ကြီးများ၊ တပ်မတော်အရာရှိ ကြီးများ၊ ဂုဏ်အသရေရှိလူကြီးလူကောင်းများ ကိုဖိတ်ကြားလျက်ညစာစားပွဲတစ်ရပ်တည်ခင်း ကျွေးမွေး၏။-
22. ထိုညစာစားပွဲသို့ဟေရောဒိ၏သမီးသည် လာ၍ အကနှင့်ဖျော်ဖြေ၏။ သူသည်ဟေရုဒ်နှင့် ဧည့်သည်တော်အပေါင်းတို့၏စိတ်ကိုများစွာ ရွှင်လန်းစေ၏။ ဘုရင်မင်းကသူငယ်မအား ``သင် နှစ်သက်ရာကိုတောင်းလော့။ သင့်အားငါပေးမည်။-