8. ယင်းသို့ဟစ်အော်ရသည့်အကြောင်းမှာ သခင် ယေရှုက ``ညစ်ညမ်းသောနတ်၊ ဤလူအထဲမှ ထွက်ခဲ့လော့'' ဟုအမိန့်ပေးလိုက်သောကြောင့် ဖြစ်၏။
9. ကိုယ်တော်က ``သင်၏နာမည်ကားအဘယ်နည်း'' ဟုမေး၏။ထိုသူက ``အကျွန်ုပ်တို့သည်အရေအတွက်အား ဖြင့်များသောကြောင့် အကျွန်ုပ်တို့ကိုလေဂေါင်ဟု ခေါ်ပါသည်'' ဟုပြန်၍လျှောက်ထားပြီးနောက်၊-
10. မိမိတို့အားထိုဒေသမှနှင်ထုတ်တော်မမူရန် အတန်တန်တောင်းပန်လေ၏။