29. ကောက်သီးများမှည့်သောအခါကောက်ရိတ်ချိန်ကျ ပြီဖြစ်၍ ထိုသူသည်ချက်ချင်းပင်ကောက်ရိတ်စ ပြု၏'' ဟုမိန့်တော်မူ၏။
30. တစ်ဖန်ကိုယ်တော်က ``ဘုရားသခင်၏နိုင်ငံတော် ကိုမည်သို့ဥပမာနှိုင်းရအံ့နည်း။ မည်သည့်ပုံ ဥပမာများအားဖြင့်ဖော်ပြရမည်နည်း။-
31. ဘုရားသခင်၏နိုင်ငံတော်သည်မုန်ညင်းစေ့နှင့် တူ၏။ မုန်ညင်းစေ့သည်မြေ၌စိုက်စဉ်အခါ ကမ္ဘာ ပေါ်ရှိအစေ့တကာတို့ထက်သေးငယ်၏။-