23. ကြားတတ်သောနားရှိသူတို့ကြားကြကုန်လော့'' ဟုထိုသူတို့အားမိန့်တော်မူ၏။
24. ထိုမှတစ်ပါးလည်းကိုယ်တော်က ``သင်တို့ကြား သည့်အရာကိုဂရုစိုက်၍နားထောင်ကြလော့။ သင်တို့သည်သူတစ်ပါးအားစစ်ကြောသောတင်း တောင်းပမာဏအတိုင်း ဘုရားသခင်သည်သင် တို့အားစစ်ကြောတော်မူလိမ့်မည်။ ထိုထက်မက ပို၍ပြင်းထန်စွာစစ်ကြောတော်မူလိမ့်မည်။-
25. ရှိသူအားထပ်၍ပေးလိမ့်မည်။ မရှိသူထံမှရှိ သမျှကိုပင်သိမ်းယူလိမ့်မည်'' ဟုမိန့်တော်မူ၏။
26. ထိုနောက်ကိုယ်တော်ကဆက်လက်၍ ``ဘုရားသခင် ၏နိုင်ငံတော်သည် မျိုးကြဲသူလူတစ်ယောက်ကြုံ တွေ့ရသည့်အဖြစ်အပျက်နှင့်တူ၏။-
27. သူသည်မြေတွင်မျိုးကိုကြဲပြီးနောက် နေ့ည အလိုက်အိပ်စက်တုံနိုးထတုံပြု၏။ ထိုအခိုက် မျိုးစေ့သည်အစို့ထိုး၍အပင်ပေါက်၏။ မည် သို့အစို့ထိုး၊ အပင်ပေါက်သည်ကိုသူမသိ။-
28. မြေကြီးသည်အလိုအလျောက်ကောက်စပါး ကိုဖြစ်စေ၏။ ဦးစွာကောက်ညွန့်ကိုထွက်စေ၏။ ထိုနောက်ကောက်နှံကိုဖြစ်စေ၏။ ထိုနောက်ကောက် ဆန်ကိုအောင်စေ၏။-
29. ကောက်သီးများမှည့်သောအခါကောက်ရိတ်ချိန်ကျ ပြီဖြစ်၍ ထိုသူသည်ချက်ချင်းပင်ကောက်ရိတ်စ ပြု၏'' ဟုမိန့်တော်မူ၏။
30. တစ်ဖန်ကိုယ်တော်က ``ဘုရားသခင်၏နိုင်ငံတော် ကိုမည်သို့ဥပမာနှိုင်းရအံ့နည်း။ မည်သည့်ပုံ ဥပမာများအားဖြင့်ဖော်ပြရမည်နည်း။-