20. အချို့သောသူများမူကားမြေကောင်းမြေသန့် တွင်ကျသည့်မျိုးစေ့နှင့်တူ၏။ သူတို့သည်တရား တော်ကိုကြား၍ခံယူကြသည်ဖြစ်ရာအဆ သုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာသီး နှံများကိုဆောင်ကုန်၏'' ဟုမိန့်တော်မူ၏။
21. ကိုယ်တော်က ``ဆီမီးကိုတောင်းဇလားနှင့်အုပ်ထား ရန်မဟုတ်။ ခုတင်အောက်တွင်ထားရန်လည်းမဟုတ်။ ဆီမီးခုံပေါ်မှာသာတင်ထားရန်မဟုတ်ပါလော။-
22. ကွယ်ဝှက်ထားသောအရာဟူသမျှသည်ပေါ်လာ ရပေမည်။ ဖုံးအုပ်ထားသောအရာသည်ပွင့်လာ ရမည်။-
23. ကြားတတ်သောနားရှိသူတို့ကြားကြကုန်လော့'' ဟုထိုသူတို့အားမိန့်တော်မူ၏။