25. အိမ်သူအိမ်သားတို့စိတ်ဝမ်းကွဲပြားလျက်နေ သောအိမ်ထောင်သည်ရပ်တည်နိုင်မည်မဟုတ်။-
26. ထိုနည်းတူစွာစာတန်သည်မိမိကိုယ်ကို ရန်ဖက်ပြု၍ကွဲပြားလျှင် သူသည်လည်း မရပ်မတည်နိုင်ရာ၊ ပျက်စီးရမည်သာဖြစ်၏။
27. ခွန်အားကြီးသူကိုဦးစွာမချည်မနှောင်ဘဲသူ ၏အိမ်သို့ဝင်၍ ဥစ္စာပစ္စည်းများကိုမည်သူမျှမလု မယူနိုင်။ ချည်နှောင်ပြီးမှသာလုယူနိုင်ပေမည်။
28. ``အမှန်အကန်သင်တို့အားငါဆိုသည်ကားလူ တို့သည် မိမိတို့လွန်ကူးသောအပြစ်ရှိသမျှ အတွက်လည်းကောင်း၊ ဘုရားသခင်ကိုပြစ်မှား သောစကားဟူသမျှအတွက်လည်းကောင်း အပြစ် လွတ်ငြိမ်းနိုင်ခွင့်ရှိသည်။-