24. လူတို့စိတ်ဝမ်းကွဲပြားလျက်နေသောနိုင်ငံ သည်မရပ်မတည်နိုင်ရာ။-
25. အိမ်သူအိမ်သားတို့စိတ်ဝမ်းကွဲပြားလျက်နေ သောအိမ်ထောင်သည်ရပ်တည်နိုင်မည်မဟုတ်။-
26. ထိုနည်းတူစွာစာတန်သည်မိမိကိုယ်ကို ရန်ဖက်ပြု၍ကွဲပြားလျှင် သူသည်လည်း မရပ်မတည်နိုင်ရာ၊ ပျက်စီးရမည်သာဖြစ်၏။
27. ခွန်အားကြီးသူကိုဦးစွာမချည်မနှောင်ဘဲသူ ၏အိမ်သို့ဝင်၍ ဥစ္စာပစ္စည်းများကိုမည်သူမျှမလု မယူနိုင်။ ချည်နှောင်ပြီးမှသာလုယူနိုင်ပေမည်။
28. ``အမှန်အကန်သင်တို့အားငါဆိုသည်ကားလူ တို့သည် မိမိတို့လွန်ကူးသောအပြစ်ရှိသမျှ အတွက်လည်းကောင်း၊ ဘုရားသခင်ကိုပြစ်မှား သောစကားဟူသမျှအတွက်လည်းကောင်း အပြစ် လွတ်ငြိမ်းနိုင်ခွင့်ရှိသည်။-
29. သို့ရာတွင်သန့်ရှင်းသောဝိညာဉ်တော်ကိုပြစ်မှား သောသူမူကား အပြစ်လွတ်ငြိမ်းခွင့်ရနိုင်လိမ့်မည် မဟုတ်။ သူသည်ထာဝရအပြစ်ကိုကူးသူဖြစ်၏'' ဟုမိန့်တော်မူ၏။-
30. (ဤသို့ကိုယ်တော်မိန့်တော်မူရခြင်းအကြောင်း မှာလူအချို့တို့က ကိုယ်တော်အားညစ်ညမ်း သောနတ်စွဲကပ်သူဟုစွပ်စွဲကြသောကြောင့် ဖြစ်၏။)
31. ကိုယ်တော်၏မယ်တော်နှင့်ညီတော်တို့သည်ရောက် လာကြ၏။ အိမ်ပြင်တွင်ရပ်၍ကိုယ်တော်ကို အခေါ်ခိုင်းကြ၏။-
32. လူပရိသတ်တို့သည်ကိုယ်တော်ကိုခြံရံလျက် ထိုင်နေကြ၏။ သူတို့က ``ကိုယ်တော်ရှင်၏မယ်တော်၊ ညီတော်များနှင့်ညီမများအိမ်အပြင်တွင်ရောက် ရှိနေကြပါသည်။ ကိုယ်တော်ရှင်ကိုရှာလျက်နေ ကြပါသည်'' ဟုလျှောက်ကြ၏။
33. ကိုယ်တော်က ``ငါ့အမိ၊ ငါ့ညီများကားအဘယ် သူများနည်း'' ဟုပြန်၍မိန့်တော်မူ၏။-
34. ထိုနောက်မိမိပတ်လည်တွင်ထိုင်နေသူများကို ကြည့်တော်မူလျက် ``ငါ့အမိ၊ ငါ့ညီများကား ဤသူတို့တည်း။-
35. ဘုရားသခင်၏အလိုတော်အတိုင်းဆောင်ရွက် သူမှန်သမျှသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိတို့ ပေတည်း'' ဟုမိန့်တော်မူ၏။