ရှင်မာကု 3:20-26 Common Language Bible (BCL)

20. ထို​နောက်​ကိုယ်​တော်​သည်​အိမ်​သို့​ပြန်​တော်​မူ​၏။ လူ တို့​သည်​စု​ရုံး​လာ​ကြ​ပြန်​သည်။ ထို့​ကြောင့်​ကိုယ်​တော် နှင့်​တ​ပည့်​တော်​တို့​မှာ​အ​စား​အ​စာ​သုံး​ဆောင်​ရန် ပင်​အ​ခွင့်​မ​ရ​ကြ။-

21. လူ​အ​ချို့​တို့​က ``ကိုယ်​တော်​သည်​စိတ်​ဖောက်​ပြန် သွား​ပြီ'' ဟု​ပြော​ဆို​နေ​ကြ​၏။ ဤ​အ​ကြောင်း​ကို ကိုယ်​တော်​၏​မိ​သား​စု​တို့​ကြား​ကြ​လျှင် ကိုယ်​တော် ကို​စောင့်​ရှောက်​ရန်​အ​ထံ​တော်​သို့​လိုက်​လာ​ကြ​၏။

22. ယေ​ရု​ရှ​လင်​မြို့​မှ​ရောက်​လာ​ကြ​သော​ကျမ်း​တတ် ဆ​ရာ​များ​က ``ကိုယ်​တော်​သည်​ဗေ​လ​ဇေ​ဗု​လ နတ်​မိစ္ဆာ​စွဲ​ကပ်​သူ​ဖြစ်​သည်။ ထို​နတ်​မိစ္ဆာ​ဘု​ရင် ကို​အ​မှီ​ပြု​၍ နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​သည်'' ဟု ဆို​ကြ​၏။

23. ကိုယ်​တော်​သည်​သူ​တို့​ကို​ခေါ်​တော်​မူ​ပြီး​လျှင် ပုံ​ဥ​ပ​မာ​ဆောင်​၍ ``စာ​တန်​သည်​အ​ဘယ်​သို့ လျှင် မိ​မိ​ကိုယ်​ကို​မိ​မိ​နှင်​ထုတ်​နိုင်​မည်​နည်း။-

24. လူ​တို့​စိတ်​ဝမ်း​ကွဲ​ပြား​လျက်​နေ​သော​နိုင်​ငံ သည်​မ​ရပ်​မ​တည်​နိုင်​ရာ။-

25. အိမ်​သူ​အိမ်​သား​တို့​စိတ်​ဝမ်း​ကွဲ​ပြား​လျက်​နေ သော​အိမ်​ထောင်​သည်​ရပ်​တည်​နိုင်​မည်​မ​ဟုတ်။-

26. ထို​နည်း​တူ​စွာ​စာ​တန်​သည်​မိ​မိ​ကိုယ်​ကို ရန်​ဖက်​ပြု​၍​ကွဲ​ပြား​လျှင် သူ​သည်​လည်း မ​ရပ်​မ​တည်​နိုင်​ရာ၊ ပျက်​စီး​ရ​မည်​သာ​ဖြစ်​၏။

ရှင်မာကု 3