10. ကိုယ်တော်သည်များစွာသောလူမမာတို့ကို ကျန်းမာစေတော်မူခဲ့သဖြင့် ရောဂါရှိသူ ဟူသမျှသည်ကိုယ်တော်ကိုတို့ထိခွင့်ရရန် အထံတော်သို့တိုးဝှေ့၍လာကြ၏။-
11. ညစ်ညမ်းသောနတ်များသည်ကိုယ်တော်ကို မြင်သောအခါ ရှေ့တော်၌ပျပ်ဝပ်၍ ``အရှင် သည်ဘုရားသခင်၏သားတော်ဖြစ်သည်'' ဟုဟစ်အော်ကြ၏။
12. ကိုယ်တော်ကမူမိမိမည်သူဖြစ်သည်ကိုထုတ်ဖော် ၍မပြောရန် သူတို့အားကြပ်တည်းစွာပညတ် တော်မူ၏။
13. ထိုနောက်ကိုယ်တော်သည်တောင်ပေါ်သို့ကြွတော် မူ၏။ အလိုရှိသောသူများကိုအထံတော်သို့ ခေါ်တော်မူ၏။-