1. သခင်ယေရှုသည် တရားဇရပ်သို့တစ်ဖန် ကြွဝင်တော်မူပြန်၏။ တရားဇရပ်ထဲတွင် လက်တစ်ဖက်သေသူလူတစ်ယောက်ရှိ၏။-
2. ထိုနေရာရှိလူတို့သည်ကိုယ်တော်ကိုပြစ်တင် စွပ်စွဲရန်အလို့ငှာ သူ၏ရောဂါကိုဥပုသ်နေ့၌ ကိုယ်တော်ပျောက်ကင်းစေတော်မူမည်၊ မမူမည် ကိုစောင့်ကြည့်နေကြ၏။-
3. ကိုယ်တော်သည်လက်သေသူအား``ပရိသတ် ရှေ့သို့လာ၍ရပ်လော့'' ဟုမိန့်တော်မူ၏။-
4. ထိုနောက်ကိုယ်တော်က ``ဥပုသ်နေ့တွင်အကောင်း ကိုပြုအပ်သလော။ အဆိုးကိုပြုအပ်သလော။ လူ့အသက်ကိုကယ်အပ်သလော၊ သတ်အပ် သလော'' ဟုထိုသူတို့အားမေးတော်မူ၏။သူတို့သည်လည်းဆိတ်ဆိတ်နေကြ၏။-
5. ထိုသူတို့မှာသနားကြင်နာစိတ်ကင်းမဲ့သည့် အတွက် ကိုယ်တော်သည်ဝမ်းနည်း၍အမျက်ထွက် လျက်သူတို့အားလှည့်ကြည့်တော်မူပြီးလျှင် လက်သေသူအား ``သင်၏လက်ကိုဆန့်လော့'' ဟုမိန့်တော်မူ၏။-
6. ဖာရိရှဲတို့သည်တရားဇရပ်မှချက်ချင်းထွက် သွားကြ၏။ ကိုယ်တော်ကိုသတ်ရန်နည်းလမ်းကို ဟေရုဒ်ပါတီဝင်များနှင့်ဆွေးနွေးတိုင်ပင်ကြ၏။
7-8. သခင်ယေရှုသည်တပည့်တော်များနှင့်အတူ ဂါလိ လဲအိုင်သို့ကြွတော်မူ၏။ ထိုအခါဂါလိလဲပြည် မှလည်းကောင်း၊ ယေရုရှလင်မြို့နှင့်တကွယုဒ ပြည်၊ ဣဒုမဲပြည်နှင့်ယော်ဒန်မြစ်တစ်ဖက်ကမ်း မှလည်းကောင်း၊ တုရုနှင့်ဇိဒုန်မြို့ပတ်ဝန်းကျင် အရပ်များမှလည်းကောင်းများစွာသောလူတို့ သည် ကိုယ်တော်ပြုတော်မူသည့်အမှုအရာများ အကြောင်းကိုကြားသိကြသဖြင့်ကိုယ်တော် နောက်သို့လိုက်ကြကုန်၏။-
9. ကိုယ်တော်သည်မိမိအားလူထုပရိသတ်ကြီး မတိုးမကြိတ်မိစေအံ့သောငှာ မိမိအသုံးပြု ဖို့လှေတစ်စင်းကိုအသင့်ထားရန်တပည့်တော် တို့အားမိန့်မှာတော်မူ၏။-
14-15. သူတို့သည်အထံတော်သို့လာကြသောအခါ ကိုယ်တော်သည် တပည့်တော်တစ်ဆယ့်နှစ်ပါးကို ရွေးချယ်တော်မူပြီးလျှင်တမန်တော်များဟူ၍ သမုတ်တော်မူ၏။ ထိုနောက်သူတို့အား ``ငါသည် သင်တို့ကိုငါ၏အပါးတွင်နေစေလို၍ရွေး ချယ်ခဲ့၏။ တရားဟောထွက်ရန် သင်တို့အားငါ စေလွှတ်မည်။ နတ်မိစ္ဆာများအားနှင်ထုတ်နိုင်သော တန်ခိုးကိုလည်းငါပေးမည်'' ဟုမိန့်တော်မူ၏။