8. သခင်ယေရှုသည်ထိုသူတို့ယင်းသို့တွေးတော နေသည်ကို ချက်ချင်းသိတော်မူသဖြင့် ``သင်တို့ သည်အဘယ်ကြောင့်ဤသို့တွေးတောနေကြ သနည်း။-
9. လေဖြတ်သူအားအဘယ်သို့ပြောရန်ပို၍လွယ်ကူ သနည်း။ `သင်၏အပြစ်ကိုဖြေလွှတ်ပြီ' ဟုပြောရန် ပို၍လွယ်ကူသလော။ သို့တည်းမဟုတ် `နေရာမှ ထလော့၊ သင်၏ထမ်းစင်ကိုထမ်း၍လှမ်းသွား လော့' ဟုပြောရန်ပို၍လွယ်ကူသလော။-
10. လူသားသည်လောကတွင်အပြစ်ဖြေလွှတ်ပိုင် သည်ကို သင်တို့အားသိမြင်စေအံ့'' ဟုဆိုလျက် လက်ခြေသေသူအား၊-
11. ``နေရာမှထ၍ထမ်းစင်ကိုထမ်း၍အိမ်သို့ပြန် လော့'' ဟုမိန့်တော်မူ၏။
12. လူပရိသတ်ရှေ့မှောက်၌ပင်ထိုသူသည်ထ၍ ထမ်းစင်ကိုထမ်းပြီးလျှင်ထွက်သွားလေသည်။ ယင်းသို့ထ၍ထွက်သွားသဖြင့်လူအပေါင်း တို့သည်လွန်စွာအံ့သြကြ၏။ ``ဤအချင်း အရာမျိုးကိုငါတို့အဘယ်အခါကမျှ မမြင်စဖူး'' ဟုဆိုကာဘုရားသခင်၏ ဂုဏ်တော်ကိုချီးကူးကြ၏။
13. ကိုယ်တော်သည်ဂါလိလဲအိုင်ကမ်းခြေသို့တစ်ဖန် ကြွတော်မူပြန်၏။ လူအပေါင်းတို့သည်ကိုယ်တော် ထံသို့လာကြသဖြင့် ကိုယ်တော်သည်သူတို့ကို ဟောပြောသွန်သင်တော်မူ၏။-