19. သခင်ယေရှုက ``မင်္ဂလာဆောင်သတို့သား၏ အပေါင်းအဖော်များသည် သတို့သားနှင့်အတူ ရှိနေချိန်၌အစာရှောင်နိုင်ပါမည်လော။ သတို့ သားရှိနေသမျှကာလပတ်လုံးသူတို့သည် အစာမရှောင်နိုင်ကြရာ။-
20. သို့ရာတွင်သူတို့ထံမှသတို့သားကို ခွဲခွာ ယူဆောင်သွားမည့်နေ့ရက်ရောက်ရှိလာသော အခါ သူတို့သည်အစာရှောင်ကြလိမ့်မည်။
21. ``မည်သူမျှပိတ်စသစ်နှင့်အထည်ဟောင်းကို ဖာရိုးမရှိ။ ဖာခဲ့လျှင်ပိတ်စသစ်ကရုန်းသဖြင့် စုတ်ပြဲရာပို၍ဆိုးပေမည်။-
22. ထိုမှတစ်ပါးစပျစ်ရည်သစ်ကိုသားရေဘူးဟောင်း တွင်ထည့်ရိုးမရှိ။ ထည့်ခဲ့ပါမူစပျစ်ရည်သစ်သည် သားရေဘူးကိုပေါက်ပြဲစေသဖြင့် စပျစ်ရည်နှင့် သားရေဘူးပါပျက်စီးသွားလိမ့်မည်။ စပျစ်ရည် သစ်ကိုသားရေဘူးသစ်တွင်ထည့်ရမည်'' ဟုထို သူတို့အားမိန့်တော်မူ၏။
23. ဥပုသ်နေ့၌ကိုယ်တော်သည်တပည့်တော်တို့နှင့် အတူ ဂျုံခင်းကိုဖြတ်၍လျှောက်သွားစဉ်တပည့် တော်တို့သည်ဂျုံနှံများကိုဆွတ်ခူးကြ၏။-
24. ထိုအခါဖာရိရှဲများက ``ကြည့်ပါ၊ ဥပုသ်နေ့ ၌မပြုအပ်သောအမှုကို သူတို့သည်အဘယ် ကြောင့်ပြုကြပါသနည်း'' ဟုကိုယ်တော်အား မေးလျှောက်ကြ၏။
25. ကိုယ်တော်က ``ဒါဝိဒ်မင်းသည်မိမိနှင့်အဖော်တစ်စု တို့ဆာလောင်မွတ်သိပ်သောအခါ အဘယ်သို့ပြုခဲ့ ကြောင်းကိုသင်တို့တစ်ခါမျှမဖတ်ဖူးသ လော။-
26. ယဇ်ပုရောဟိတ်မင်းအဗျာသာလက်ထက်တွင် ဒါဝိဒ်မင်းသည်ဘုရားသခင်၏ဗိမာန်တော်သို့ ဝင်၍ ယဇ်ပုရောဟိတ်များမှတစ်ပါးမည်သူမျှ မစားထိုက်သောရှေ့တော်မုန့်ကိုစား၍ မိမိ အပေါင်းအဖော်များအားလည်းထိုမုန့်ကို ပေးဖူးသည်မဟုတ်လော'' ဟုမိန့်တော်မူ၏။
27. ထိုနောက်ကိုယ်တော်က ``လူ၏အကျိုးငှာဥပုသ် နေ့ကိုပြဋ္ဌာန်းထား၏။ ဥပုသ်နေ့၏အကျိုးငှာ လူကိုဖန်ဆင်းထားသည်မဟုတ်။-