9. [တနင်္ဂနွေနေ့နံနက်စောစောအချိန်၌ကိုယ်တော် သည်သြေခင်းမှထမြောက်တော်မူပြီးနောက် ဦးစွာ မာဂဒလရွာသူမာရိအားကိုယ်ထင်ပြတော်မူ၏။ မာဂဒလရွာသူမာရိထံမှနတ်မိစ္ဆာခုနစ်ဦးကို ကိုယ်တော်နှင်ထုတ်ပေးခဲ့၏။-
10. သူသည်ကိုယ်တော်၏တပည့်များထံသို့သွား၍ ထိုသတင်းကိုပြောကြား၏။ သူတို့သည်ငိုယို ပူဆွေးလျက်နေကြ၏။-
11. ကိုယ်တော်အသက်ရှင်လျက်ရှိတော်မူကြောင်းကို လည်းကောင်း၊ ကိုယ်တော်အားမာရိတွေ့မြင်ခဲ့ ရကြောင်းကိုလည်းကောင်း၊ ကြားသောအခါ မယုံကြ။