ရှင်မာကု 16:1-6 Common Language Bible (BCL)

1. ဥပုသ်နေ့ကုန်လွန်သွားသောအခါ မာဂဒလ ရွာသူမာရိ၊ ယာကုပ်၏အမိမာရိနှင့်ရှာလုံတို့ သည် သခင်ယေရှု၏အလောင်းတော်ကိုသုတ်လိမ်း ရန်ဆီမွှေးများကိုဝယ်ယူကြ၏။-

2. တနင်္ဂနွေနေ့နံနက်စောစောနေထွက်ချိန်၌ သူတို့ သည်သင်္ချိုင်းတော်သို့သွားကြ၏။-

3-4. လမ်းတွင်သူတို့သည်``သင်္ချိုင်းဂူဝမှကျောက်တုံး ကို ငါတို့အတွက်အဘယ်သူတွန်းလှိမ့်ပေးပါ မည်နည်း'' ဟုအချင်းချင်းပြောဆိုကြ၏။ (ထိုကျောက်တုံးကားအလွန်ကြီးမားသော ကျောက်တုံးဖြစ်သည်။) ထိုနောက်ကြည့်လိုက် သောအခါကျောက်တုံးမှာလှိမ့်ထားနှင့်ပြီး ဖြစ်သည်ကိုတွေ့ကြ၏။-

5. သူတို့သည်ဂူထဲကိုဝင်မိလျှင်လက်ယာဘက်မှာ ဝတ်ဖြူစင်ကြယ်နှင့်လူငယ်လူရွယ်တစ်ဦးထိုင် နေသည်ကိုမြင်ကြ၏။ ထိုအခါသူတို့သည် ထိတ်လန့်ကြ၏။

6. ထိုသူက``မထိတ်လန့်ကြနှင့်။ သင်တို့သည် လက်ဝါးကပ်တိုင်တွင်တင်၍ အသတ်ခံရသူ နာဇရက်မြို့သားယေရှုကိုရှာလျက်နေကြ သည်မဟုတ်လော။ ထိုအရှင်သည်ဤအရပ်တွင် မရှိ။ သြေခင်းမှထမြောက်တော်မူပြီ။ ဤနေရာ သည်ထိုအရှင်၏အလောင်းတော်ကိုထားသော နေရာဖြစ်၏။ ကြည့်ကြလော့။-

ရှင်မာကု 16