1. ဥပုသ်နေ့ကုန်လွန်သွားသောအခါ မာဂဒလ ရွာသူမာရိ၊ ယာကုပ်၏အမိမာရိနှင့်ရှာလုံတို့ သည် သခင်ယေရှု၏အလောင်းတော်ကိုသုတ်လိမ်း ရန်ဆီမွှေးများကိုဝယ်ယူကြ၏။-
2. တနင်္ဂနွေနေ့နံနက်စောစောနေထွက်ချိန်၌ သူတို့ သည်သင်္ချိုင်းတော်သို့သွားကြ၏။-
5. သူတို့သည်ဂူထဲကိုဝင်မိလျှင်လက်ယာဘက်မှာ ဝတ်ဖြူစင်ကြယ်နှင့်လူငယ်လူရွယ်တစ်ဦးထိုင် နေသည်ကိုမြင်ကြ၏။ ထိုအခါသူတို့သည် ထိတ်လန့်ကြ၏။
6. ထိုသူက``မထိတ်လန့်ကြနှင့်။ သင်တို့သည် လက်ဝါးကပ်တိုင်တွင်တင်၍ အသတ်ခံရသူ နာဇရက်မြို့သားယေရှုကိုရှာလျက်နေကြ သည်မဟုတ်လော။ ထိုအရှင်သည်ဤအရပ်တွင် မရှိ။ သြေခင်းမှထမြောက်တော်မူပြီ။ ဤနေရာ သည်ထိုအရှင်၏အလောင်းတော်ကိုထားသော နေရာဖြစ်၏။ ကြည့်ကြလော့။-
7. သင်တို့သည်ပေတရုနှင့်အခြားတပည့်တော်များ ထံသို့သွား၍``ကိုယ်တော်သည်ဂါလိလဲပြည်သို့ သင်တို့အလျင်ကြွနှင့်တော်မူလိမ့်မည်။ ယခင်က သင်တို့အားမိန့်မှာတော်မူခဲ့သည့်အတိုင်း ကိုယ်တော် ကိုဂါလိလဲပြည်မှာဖူးတွေ့ရကြလိမ့်မည်ဟု ပြောကြားလော့'' ဟုဆို၏။
8. အမျိုးသမီးများသည်ထိတ်လန့်တွေဝေလျက် သင်္ချိုင်းဂူမှထွက်ပြေးကြ၏။ သူတို့သည်ကြောက်ရွံ့ သောကြောင့်အဘယ်သူအားမျှစကားမပြောကြ။အဆုံးသတ်သည့်နည်းဟောင်းတစ်မျိုး
9. [တနင်္ဂနွေနေ့နံနက်စောစောအချိန်၌ကိုယ်တော် သည်သြေခင်းမှထမြောက်တော်မူပြီးနောက် ဦးစွာ မာဂဒလရွာသူမာရိအားကိုယ်ထင်ပြတော်မူ၏။ မာဂဒလရွာသူမာရိထံမှနတ်မိစ္ဆာခုနစ်ဦးကို ကိုယ်တော်နှင်ထုတ်ပေးခဲ့၏။-
10. သူသည်ကိုယ်တော်၏တပည့်များထံသို့သွား၍ ထိုသတင်းကိုပြောကြား၏။ သူတို့သည်ငိုယို ပူဆွေးလျက်နေကြ၏။-
11. ကိုယ်တော်အသက်ရှင်လျက်ရှိတော်မူကြောင်းကို လည်းကောင်း၊ ကိုယ်တော်အားမာရိတွေ့မြင်ခဲ့ ရကြောင်းကိုလည်းကောင်း၊ ကြားသောအခါ မယုံကြ။
12. ထိုနောက်တပည့်တော်နှစ်ယောက်သည်ကျေးတောသို့ သွားကြစဉ် ကိုယ်တော်သည်ခြားနားသောအသွင် ကိုဆောင်လျက်သူတို့အားကိုယ်ထင်ပြတော်မူ၏။-
13. သူတို့သည်အခြားတပည့်တော်များထံသို့ သွား၍ ထိုသတင်းကိုပြောကြား၏။ သို့ရာ တွင်သူတို့သည်မယုံကြ။
14. ထိုနောက်တစ်ကျိပ်တစ်ပါးသောတမန်တော်တို့သည် စားပွဲမှာထိုင်၍စားသောက်နေကြစဉ် ကိုယ်တော် သည်သူတို့ကိုကိုယ်ထင်ပြတော်မူ၏။ သူတို့တွင် ယုံကြည်ြခင်းမရှိသြဖင့်လည်းကောင်း၊ ကိုယ်တော် သြေခင်းမှရှင်ပြန်ထမြောက်တော်မူပြီးနောက် ကိုယ်တော်အားဖူးတွေ့ရသူတို့၏စကားကို မယုံနိုင်သည်တိုင်အောင် သူတို့သည်အပြော ရခက်သြဖင့်လည်းကောင်း ကိုယ်တော်သည် သူတို့အားပြစ်တင်ဆုံးမတော်မူ၏။-