8. လူပရိသတ်တို့သည်ပွဲတော်အခါ၌အစဉ် အလာရှိသည်အတိုင်းတောင်းခံရန်ပိလတ် မင်းထံလာရောက်ကြသောအခါ၊-
9. ပိလတ်မင်းက ``သင်တို့သည်ယုဒရှင်ဘုရင် အား လွတ်ငြိမ်းချမ်းသာခွင့်ပေးစေလိုသလော'' ဟုမေး၏။-
10. ထိုသို့မေးသည့်အကြောင်းမှာယဇ်ပုရောဟိတ် ကြီးတို့သည် သခင်ယေရှုအားမနာလိုသဖြင့် မိမိထံသို့ပို့အပ်ကြကြောင်းကိုသိသော ကြောင့်ဖြစ်၏။
11. ယဇ်ပုရောဟိတ်ကြီးတို့လှုံ့ဆော်သဖြင့် လူအပေါင်း တို့သည်သခင်ယေရှုအစားဗာရဗ္ဗအားလွတ်ငြိမ်း ချမ်းသာခွင့်ပေးရန်တောင်းဆိုကြ၏။-
12. ပိလတ်မင်းက ``ယုဒရှင်ဘုရင်ဟုသင်တို့ခေါ် သူကို ငါအဘယ်သို့ပြုရမည်နည်း'' ဟုပြန်၍ မေး၏။
13. သူတို့က ``ထိုသူကိုလက်ဝါးကပ်တိုင်တွင် တင်၍သတ်ပါ'' ဟုပြန်၍ဟစ်အော်ကြ၏။
14. ပိလတ်မင်းက ``အဘယ်ကြောင့်နည်း။ သူသည် အဘယ်အပြစ်ကိုကူးလွန်သနည်း'' ဟုမေး၏။လူတို့သည် ``ထိုသူကိုလက်ဝါးကပ်တိုင်တွင်တင် ၍သတ်ပါ'' ဟုပို၍ပင်ကျယ်စွာဟစ်အော်ကြ၏။
15. ပိလတ်မင်းသည်လူပရိသတ်ကိုကျေနပ်စေလို သဖြင့် ဗာရဗ္ဗကိုလွှတ်၍သခင်ယေရှုကိုကြိမ် ဒဏ်ခတ်ပြီးလျှင် လက်ဝါးကပ်တိုင်တွင်တင်၍ သတ်ရန်အပ်လိုက်၏။
16. စစ်သားများသည်ကိုယ်တော်ကိုဘုရင်ခံမင်း ၏အိမ်တော်ဝင်းသို့ခေါ်ဆောင်သွားပြီးလျှင် တပ်ခွဲတစ်ခုလုံးကိုစုရုံးစေ၏။-
17. ထိုနောက်ကိုယ်တော်အားနီမောင်းသောအဝတ် ကိုဝတ်ဆင်စေ၍ ဆူးခက်ဖြင့်ရက်သောသရဖူ ကိုဆောင်းပေးပြီးနောက်၊-