5. သခင်ယေရှုသည်ဆိတ်ဆိတ်နေတော်မူသဖြင့် ပိလတ်မင်းသည်အံ့သြလေ၏။
6. ပိလတ်မင်းသည်ပသခါပွဲအခါကျတိုင်း ပြည်သူတို့တောင်းသည့်အကျဉ်းသမား တစ်ယောက်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေး လေ့ရှိ၏။-
7. ထိုအချိန်၌ပုန်ကန်ထကြွမှုနှင့်လူသတ်မှု ဖြင့် အကျဉ်းခံနေရသူများရှိ၏။ ထိုသူတို့ အထဲတွင်ဗာရဗ္ဗဆိုသူတစ်ဦးလည်းပါ၏။-
8. လူပရိသတ်တို့သည်ပွဲတော်အခါ၌အစဉ် အလာရှိသည်အတိုင်းတောင်းခံရန်ပိလတ် မင်းထံလာရောက်ကြသောအခါ၊-
9. ပိလတ်မင်းက ``သင်တို့သည်ယုဒရှင်ဘုရင် အား လွတ်ငြိမ်းချမ်းသာခွင့်ပေးစေလိုသလော'' ဟုမေး၏။-
10. ထိုသို့မေးသည့်အကြောင်းမှာယဇ်ပုရောဟိတ် ကြီးတို့သည် သခင်ယေရှုအားမနာလိုသဖြင့် မိမိထံသို့ပို့အပ်ကြကြောင်းကိုသိသော ကြောင့်ဖြစ်၏။
11. ယဇ်ပုရောဟိတ်ကြီးတို့လှုံ့ဆော်သဖြင့် လူအပေါင်း တို့သည်သခင်ယေရှုအစားဗာရဗ္ဗအားလွတ်ငြိမ်း ချမ်းသာခွင့်ပေးရန်တောင်းဆိုကြ၏။-