ရှင်မာကု 15:42-43-45 Common Language Bible (BCL)

5. သ​ခင်​ယေ​ရှု​သည်​ဆိတ်​ဆိတ်​နေ​တော်​မူ​သ​ဖြင့် ပိ​လတ်​မင်း​သည်​အံ့​သြ​လေ​၏။

6. ပိ​လတ်​မင်း​သည်​ပ​သ​ခါ​ပွဲ​အ​ခါ​ကျ​တိုင်း ပြည်​သူ​တို့​တောင်း​သည့်​အ​ကျဉ်း​သ​မား တစ်​ယောက်​ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး လေ့​ရှိ​၏။-

7. ထို​အ​ချိန်​၌​ပုန်​ကန်​ထ​ကြွ​မှု​နှင့်​လူ​သတ်​မှု ဖြင့် အ​ကျဉ်း​ခံ​နေ​ရ​သူ​များ​ရှိ​၏။ ထို​သူ​တို့ အ​ထဲ​တွင်​ဗာ​ရဗ္ဗ​ဆို​သူ​တစ်​ဦး​လည်း​ပါ​၏။-

8. လူ​ပ​ရိ​သတ်​တို့​သည်​ပွဲ​တော်​အ​ခါ​၌​အ​စဉ် အ​လာ​ရှိ​သည်​အ​တိုင်း​တောင်း​ခံ​ရန်​ပိ​လတ် မင်း​ထံ​လာ​ရောက်​ကြ​သော​အ​ခါ၊-

9. ပိ​လတ်​မင်း​က ``သင်​တို့​သည်​ယု​ဒ​ရှင်​ဘု​ရင် အား လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​စေ​လို​သ​လော'' ဟု​မေး​၏။-

42-43. ထို​နေ့​ကား (ဥ​ပုသ်​နေ့​အ​ကြို) ပြင်​ဆင်​ရာ​အ​ဖိတ် နေ့​ဖြစ်​၏။ ည​နေ​ချမ်း​အ​ချိန်​ကျ​သော​အ​ခါ အ​ရိ​မ​ဿဲ​မြို့​သား​ယော​သပ်​ရောက်​ရှိ​လာ​၏။ သူ သည်​ဂုဏ်​အ​သ​ရေ​ကြီး​မြင့်​သူ၊ တ​ရား​လွှတ်​တော် အ​ဖွဲ့​ဝင်​ဖြစ်​၏။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည် မည့်​အ​ချိန်​ကို​စောင့်​မျှော်​နေ​သူ​ဖြစ်​၏။ သူ​သည် အ​ရဲ​တင်း​စွာ​ပိ​လတ်​မင်း​ထံ​သို့​ဝင်​ပြီး​လျှင် သ​ခင်​ယေ​ရှု​၏​အ​လောင်း​တော်​ကို​တောင်း​လေ​၏။-

44. ပိ​လတ်​မင်း​သည်​ကိုယ်​တော်​အ​သက်​ချုပ်​တော်​မူ ပြီ​ဖြစ်​ကြောင်း​ကို​ကြား​သော် အံ့​အား​သင့်​သွား သ​ဖြင့်​တပ်​မှူး​ကို​ခေါ်​၍ ကိုယ်​တော်​အ​သက်​ချုပ် တော်​မူ​သည်​မှာ​မည်​မျှ​ကြာ​ပြီ​ဖြစ်​ကြောင်း ကို​စုံ​စမ်း​မေး​မြန်း​၏။-

45. သူ​သည်​တပ်​မှူး​၏​အ​စီ​ရင်​ခံ​ချက်​ကို​ကြား ရ​ပြီး​နောက် ယော​သပ်​အား​အ​လောင်း​တော်​ကို ယူ​ခွင့်​ပြု​၏။-

ရှင်မာကု 15